အတိုချုံးပြောရရင်
ဆန္ဒပြတာ ဒါမှမဟုတ် လူသိရှင်ကြား ကမ်ပိန်းလုပ်တာတွေက အန္တရာယ်မကင်းတဲ့ အချိန်မှာ ကိုယ့်လုံခြုံရေးကို မထိခိုက်ပဲ သတင်းတွေကို လက်ဆင့်ကမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ ဥပမာ မီးပုံးပျံတွေ၊ ပင်ပေါင်ဘောလုံးတွေသုံး ပြီး သတင်းပို့တာမျိုးပေါ့။
မင်းနဲ့အတူ လွတ်မြောက်နိုင်တာ အကုန်လုံးက အနုပညာပဲ။Art is anything you can get away with.
— Marshall McLuhan
တခါတလေမှာ ကိုယ့်အမြင်ကို လက်ကမ်းစာစောင်တွေသုံးပြီး ဖြန့်ဝေတာ အင်မတန် အန္တရာယ်များတယ်။ ကိုယ်ပြောချင်တာကို လူတွေ သိဖို့အတွက် ဆန်းသစ်တီထွင်ထားတဲ့ နည်းလမ်းတွေကို သုံးတာက ပိုပြီး လုံခြုံမှု ရှိနိုင်တယ်။
တခါတလေမှာ ကိုယ့်အမြင်ကို လက်ကမ်းစာစောင်တွေသုံးပြီး ဖြန့်ဝေတာ အင်မတန် အန္တရာယ်များတယ်။ ကိုယ်ပြောချင်တာကို လူတွေ သိဖို့အတွက် ဆန်းသစ်တီထွင်ထားတဲ့ နည်းလမ်းတွေကို သုံးတာက ပိုပြီး လုံခြုံမှု ရှိနိုင်တယ်။
မြန်မာနိုင်ငံသားတွေက မီးပုံးပျံတွေ လွတ်တင်ပြီး တမြို့အနှံ့ကို လက်ကမ်းစာစောင်တွေ ကျဲချကြတယ်။ သမ္မတ အာဆက်ကို ပုန်ကန်ကြတဲ့ အစောပိုင်း ကာလတွေမှာ ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ရာပေါင်းများစွာသော ပင်ပေါင်ဘောလုံးတွေပေါ်မှာ “လွတ်လပ်ရေး”လို့ ရေးပြီး ဒမတ်စကတ်မြို့ တောင်ပေါ်ကနေ ပစ်ချပြီး လမ်းတွေပေါ်မှာ ခုန်ပေါက်ပြန့်ကျဲနေစေလိုက်ကြတယ်။ တောင်အာဖရိကတွင် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တိုက်ခိုက်နေကြစဉ်က ANC သည် ထိခိုက်မှုမရှိသည့် “လက်ကမ်းစာစောင် ဗုံးများ”ကို အသုံးပြုခဲ့ကြသည်။ အသေးငယ်သည့် အချိန်ကိုက်ဗုံးဖြစ်ပြီး ပေါက်ကွဲသည့်အခါ လက်ကမ်းစာဆောင်ရာပေါင်းများစွာကို ပျံ့လွင့်သွားစေနိုင်ပြီး အနီးတဝိုက် မည်သူ့ကိုမှ ထိခိုက်မှု မရှိပေ။
အန္တရာယ် မကျနိုင်သော်လည်း ထိုကဲ့သို့ ဆန်းသစ်သည့် နည်းလမ်းများဖြင့် လက်ကမ်းစာစောင် ဖြန့်ခြင်းသည် တခါတရံတွင် လူများ၏ အာရုံစိုက်မှုကို ရရှိရန် အလွန်ထိရောက်သည်။ ပျော်စရာလည်း ကောင်းသည်။ တမူထူးခြား ကွဲပြားမှုလည်း ရှိသည်။ အမှတ်တရလည်း ဖြစ်စေသည်။ တယောက်ယောက်ရဲ့ ပုခုံးပေါ်တက်ပြီး လက်ကမ်းစာစောင် ဝေသည်တာမျိုး စမ်းကြည့်သင့်သည်။ ဒါမှမဟုတ် ကိုယ်ပြောချင်တာတွေကို စာရွက်မှာရေး ကွတ်ကီးထဲ ထာပနာထည့်ပြီး ကွတ်ကီးတွေကို ဝေတာမျိုးပေါ့။ ပြဇာတ်တွေ၊ ဝတ်စုံတွေလည်း သုံးလို့တာပဲ။ (Beautiful Trouble ရဲ့ Advanced Leafleting ကိုကြည့်ပါ။)
အဓိကအခြေခံမူ
အပြင်လောက ဥပမာများ

Elleke Ball, The Optimist, 2014