အခြေခံမူ

ရိုးရှင်းသော စည်းမျဥ်များမှ ကြီးမားသော ရလဒ်များပေးစွမ်းနိုင်သည်

Crystalline structures can achieve extraordinary beauty and scale through simple rules of replication. Photo: Pixabay; Didgeman.

အတိုချုံးပြောရရင်

တခါတလေကျတော့ စာရှည်ကြီးတွေ ရေးစရာလိုပဲ ဝါကျတိုတိုလေးနဲ့ တင် ထိထိရောက်ရောက် ပြောလို့ရတယ်။ “Wall street ကို ရွက်ဗျင်တဲတွေနဲ့ လာခဲ့ကြပါ” ဒါမှမဟုတ် “ညနေကျရင် အိုးတွေ ခွက်တွေ တီးကြပါ”ဆိုတဲ့ ခပ်တိုတို ဝါကျလေးတွေနဲ့တင် လူတွေ အများကြီးပါလာအောင် ခေါ်လိုက်လို့ရတယ်။

Sept 17. Wall Street. Bring tent.

— Adbusters

၁၉၆၈ ခုနှစ်မှာ သိပ္ပံပညာရှင်တစုဟာ လက်တွေ့ စမ်းသပ်ချက်တခု လုပ်ခဲ့တယ် “ဘယ်နေရာမှာ ရှုပ်ထွေးတဲ့ သဘောတရား ပေါ်ပေါက်လာလဲ” ဆိုတာကို စမ်းခဲ့ကြတယ်။ “ရိုးရိုးရှင်းရှင်း တုန့်ပြန်ချက်တွေကို စည်းကမ်းသက်မှတ်”ပြီး စီစဉ်ညွန်ကြားချက်မရှိတဲ့ ပရိုဂရမ်တခုကို စမ်းကြတယ်။ ငှက်ပုံစံလုပ်ထားတဲ့ အရာလေးတွေကို ဖန်တီးပြီး Boids လို့ နာမည်ပေးလိုက်ကြတယ်။ (ဒီဘဲတွေ Brooklynသားတွေ ပဲနေမယ်။) Boids တွေကို ပုံရိပ်ရောင် ပတ်ဝင်းကျင်ထဲ ပျံသန်းခိုင်းလိုက်ပြီး ပုံရိပ်ယောင် အတားအဆီးတချို့ကို ထည့်ထားလိုက်တယ်။ Boid တခုချင်းစီမှာ ခပ်ရိုးရိုး စည်းကမ်း သုံးခုပဲ ထည့်ထားတယ်။ တည့်တည့်ပျံ၊ ဘေးနားက Boidတွေနဲ့ သက်မှတ်ထားတဲ့ အကွာအဝေးမှာ နေ၊ အတားအဆီးတွေကို ဝင်မတိုက်နဲ့ ဆိုတဲ့ စည်းကမ်းသုံးခုပဲ။ နောက်ပြီး ပျံတော့လို့ လွတ်ပေးလိုက်တာပဲ။ Boids အုပ်ကြီးဟာ ပျံနေကြရင်း အတားအဆီးကို တွေ့ရင် အုပ်စုသေးသေးလေးတွေ ခွဲပြီး ရှောင်သွားကြတယ်။ ပြီးတော့မှ ပြန်စုကြတယ်။ အဲဒီလို လုပ်ပါလို့ ပရိုဂရမ်ရေးတဲ့ထဲမှာ ထည့်မရေးထားခဲ့ဘူး။

ဒီစမ်းသပ်ချက်က လူအဖွဲ့အစည်းနဲ့ သဘာဝလောကကြီးထဲမှာ အချိန်တိုင်း ဖြစ်ပျက်နေတဲ့ အရာတွေကို ပြသသွားတာပဲ။ တက်ကြွလှုပ်ရှားသူတွေဟာ ဒီသဘောတရားကို ကောင်းကောင်း အသုံးချလို့ရတယ်။

စည်းကမ်းတွေကသာ ကွက်တိကျမယ်ဆိုရင် လုံးဝ အထာကျကျ လှလှပပနဲ့ ပွဲဖြစ်သွားမှာပဲ။

အနုပညာ ပြပွဲတခု၊ လူထုလုပ်ရှားမှုတခု သိုမဟုတ် Viral campaign တခု လုပ်မယ်ဆိုပါစို့။ အဲဒီအကြောင်းကို စာတတန် ပေတတန်ရေးပြနိုင်ရင်တောင်မှ အဲဒီလို ရေးဖို့ လိုကို မလိုဘူး။ ပွဲကို လာတဲ့သူတွေ လိုက်နာရမဲ့ ခပ်ရိုးရိုး စည်းကမ်းလေး နည်းနည်းကို ထုတ်ထားလိုက်ရင် ရပြီ။ စည်းကမ်းတွေကသာ ကွက်တိကျမယ်ဆိုရင် လုံးဝ အထာကျကျ လှလှပပနဲ့ ပွဲဖြစ်သွားမှာပဲ။

ကမ္ဘာ့မြို့ကြီးတွေပေါ်က Critical Mass လို့ ခေါ်တဲ့ လစဉ် အုပ်စုဖွဲ့ စက်ဘီစီးတဲ့ ကိစ္စကိုပဲ ကြည့်ပါ။ စည်းကမ်းတွေက ရိုးရိုးရှင်းရှင်းပဲ။ လတလရဲ့ နောက်ဆုံး သောကြာနေ့တိုင်း အလုပ်ပြီးရင် လူစုကြတယ်။ စက်ဘီး တူတူစီးကြတယ်။ ကိုယ်က အရှေ့ဆုံးကဆိုရင် လမ်းကြောင်းကို ကိုယ်ကရွေးပြီး နင်းသွား၊ ကိုယ်က အနောက်မှာဆိုရင် နောက်ကျကျန်ခဲ့သူတွေကို မျက်ခြေပျက် မကျန်ခဲ့ရအောင် တွဲခေါ်။ အလယ်မှာဆိုရင်တော့ လမ်းကြောင်း အတိုင်းသာနင်း၊ တက်ကြွတယ်ဆိုရင်တော့ တခြား စက်ဘီးတွေကို ယာဉ်အသွားအလာတွေကနေ ကာကွယ်ပေး။ ဘယ်သူက တာဝန်ရှိသူရယ်လို့ မသက်မှတ်ထားဘူး။ အားလုံးမှာလည်း တာဝန်ရှိကြတယ်။ အဲဒါကို organized coincidence လို့ ခေါ်ပြီး တကယ်လည်း အလုပ်ဖြစ်တယ်ဗျ။

Flash mobs ကို လုပ်သွားတာလည်း ဒီနည်းအတိုင်းပဲ။ ၂၀၀၈ ခုနှစ် ဝေါစထရိ ခေါင်းအုံးရိုက်ပွဲကို ဖိတ်တဲ့ အခါ စည်းကမ်း ၂ခုပဲ ထားထားတယ်။ ခေါင်းအုံးယူလာခဲ့၊ ခေါင်းအုံး မပါတဲ့လူကို မရိုက်ကြေး။ အဲဒါပဲ။

ဒီလို အားထုတ်တာမျိုးကို လူမူကွန်ယက်မှာလည်း ကောင်းကောင်း အသုံးချလို့ရတယ်။ Tumblr အပီကေးရှင်းပေါ်က “we are the 99%” (ကျနော်တို့တွေက ၉၉ ရာခိုင်နှုန်းပါ) ဆိုတဲ့ Occupy တွေရဲ့ လှုပ်ရှားမှုကို တည်ဆောက်သွားတဲ့ သော့ချက်ပဲ။ ဖိတ်ခေါ်ချက်က ရှင်းတယ်။ ကိုယ်အခြေအနေကို ဖော်ပြတဲ့ အရာတခုခုကို ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီး ဓါတ်ပုံရိုက်ပါတဲ့။ ဥပမာ “ကျနော်က ကျောင်းသားပါ၊ ဒေါ်လာ နှစ်သောင်းခွဲ အကြွေးတင်နေပါတယ်” အဲဒီအောက်မှာ “I am the 99 percent” (ကျနော်က ၉၉ ရာခိုင်နှုန်းပါ”) လို့ရေးတာမျိုး။ လူတွေ အားလုံး တညီတညွတ်တဲ့ ပေါင်းလိုက်တဲ့ အသံတွေဟာ စည်းလုံးညီညွတ်ခြင်းကို ကွင်းကွင်းကွက်ကွက် ပြလိုက်တာပဲ။

ကာနီဗယ် ဆန္ဒပြပွဲ တခုမှာ “လုပ်ချင်တာ လုပ်နိုင်တယ်”လို့ စည်းကမ်း သက်မှတ်တာမျိုးက အောင်မြင်နိုင်တယ်လေ။ ကာနီဗယ်ပွဲလို့ ပြောတာကို။ နိုင်ငံရေးကို ပိုအာရုံစိုက်ထားတဲ့ လမ်းမပေါ်ထွက်တဲ့ လှုပ်ရှားမှုလိုမျိုး (see: STORY: Citizens’ Posse သို့မဟုတ် တခုခုကို ဉီးတည်တဲ့ အွန်လိုင်း ကမ်ပိန်းမျိုး (see: STORY: Billionaires for Bush ဆိုရင်တော့ ဒီထက်ပို ထိရောက်တဲ့ စည်းဘောင်တွေ လိုအပ်တာပေါ့။ ကိုယ့်လှုပ်ရှားမှုရဲ့ သဘောသဘာဝ၊ ရှုပ်ထွေးမှု၊ ဘယ်လောက် အန္တရာယ်များလဲ ဆိုတာတွေပေါ် မူတည်းပြီး စည်းကမ်းတွေကို ချမှတ်ဖို့လိုတယ်။

Originally published in Beautiful Trouble.

အပြင်လောက ဥပမာများ

Y’en a Marre’s “1000 complaints to the Government”

Activists in Senegal organized “1000 Complaints to the Government” where everyone was invited and all anyone had to bring were their complaints.

ပိုမိုလေ့လာရန်