အတိုချုံးပြောရရင်
အမျိုးသမီးအောက်ခံအတွင်းခံများသည် အမျိုးသားကို ဘုန်းကံနိမ့်စေသည်ဟု အယူသည်းမှုရှိသည့်အတွက် နိုင်ငံခြားရှိ မြန်မာသံရုံးများနှင့် စစ်ဗိုလ်ချုပ်ကြီးများထံသို့ အတွင်းခံများ ပို့ပေးရန် မြန်မာ့ အရေးဆန့်ကျင့်သူများက တိုက်တွန်း
၂၀၀၇ ခုနှစ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်။ ထိုသို့ နှိမ်နင်းခံရမှု့ အပြီးတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒထုတ်ဖော်သူများအတွက် နောက်တကြိမ် လူထုပါဝင်သော ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ သို့သော်လည်း အတိုက်အခံ အင်အားမှာ ဆက်လက်ပြန့်နှံ့ခဲ့ပြီး ကြံရည်ဖန်ရည်ရှိလှပြီး အထိအခိုက်လည်း နည်းပါးသော ဆန့်ကျင်လှုပ်ရှားမှု လုပ်ရပ်များဖြင့် ဆက်လက် ဆန့်ကျင်ခဲ့ကြသည်။ ထို လှုပ်ရှားမှုများသည် စစ်ဗိုလ်ချုပ်များ၏ အာဏာကို မဖြိုဖျက်နိုင်ခဲ့သော်လည်း ထိုသူတို့အား အပယ်ခံ ဘဝသို့ ရောက်ရှိအောင် ပြုလုပ်နိုုင်ခံသည်။ ထိုကြောင့် ပြည်သူလူထု၏ စိုးရိမ် ကြောက်ရွံ့စိတ်များ၊ စိတ်ဒါဏ်ရာများကို သက်သာစေခဲ့ပြီး ဆန့်ကျင်လှုပ်ရှားမှု အစိတ်အပိုင်း အဖြစ် တည်ရှိနိုင်ခဲ့သည်။
ပျက်ရယ်ပြုချင်းလက်နက်ထက် ပိုမိုအားကောင်းသည့် အာဏာဖီဆန်မှု ဘယ်မှာရှိနိုင်ပါ့မည်နည်း။
မိန်းမ အတွင်းခံနှင့် ထိမိပါက ဘုန်းနိ့မ့်တတ်သည်ဟု စစ်အာဏာရှင် ဗိုလ်ချုပ်များက ယုံကြည်ကြသဖြင့် Lanna Action for Burmaအဖွဲ့က ဉီးဆောင်ပြီး မြန်မာနိုင်ငံ တဝှမ်းလုံးရှိ အမျိုးသမီးများကို စစ်ဗိုလ်ချုပ်များ၏ အာဏာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆန့်ကျင်သည့် အမှတ်အသား အဖြစ် မိန်းမ အတွင်းခံများကို ပေးရန် တိုက်တွန်းခဲ့သည်။ ကမ္ဘာအနှံမှ ထောက်ခံအားပေးသူများကိုလည်း မြန်မာသံရုံးနှင့် ကောင်စစ်ဝန် ရုံးများသို့ အတွင်းခံများ ပို့ရန် တောင်းဆိုခဲ့သည်။
Lanna Action of Burma သည် စစ်အစိုးရကို ဆန့်ကျင် လှောင်ပြောင်ရန် သရုပ်ဖော်နည်း ပေါင်းစုံ အသုံးပြုခဲ့သည်။ ခွေးလေ ခွေးလွင့် ခွေးဝဲစားများဖြင့် အနှိုင်းခံရခြင်းသည် မြန်မာတို့အတွက် ရိုင်းစိုင်းသော၊ စော်ကားခံရသော အပြုအမူ ဖြစ်သဖြင့် လမ်းဘေးခွေးလေ ခွေးလွင့် ခွေးဝဲစားများ လည်ပင်းတွေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံများ ချိတ်ဆွဲပြီး လှောင်ပြောင်ခဲ့ကြသည်။ သန်းရွှေမွေးနေ့တွင်လည်း မိန်းမဘောင်းဘီတိုပုံ ကိတ်မုန့်ဖုတ် သန်းရွှေမျက်နှာကို မုန့်ပေါ်တွင် ရေးဆွဲပုံဖော်ပြီး လမ်းဘေးခွေးများကို ချကျွေးခဲ့ကြသည်။ ထို့နောက်တွင်မူ ၂၀၁၀ ရွေးကောက်ပွဲ ခြစားမှုကို ဆန့်ကျင်သည့် အနေဖြင့် ရွေးကောက်ပွဲ ပြဇာတ်များကို ပျောက်ကြားကျင်းပခဲ့သည်။ Lanna Panty Party အမည်ဖြင့် မှတ်ပုံတင်ရန် ကြိုးစားခဲ့သေးသည်။ "Pantifesto” စာစောင်များကို ဖြန့်ဝေသည်။ “၂၀၁၀ မြန်မာရွေးကောက်ပွဲ ရလဒ်အမှန်ကို ထုတ်ပြန်ရန်၊ အာဏာလွဲပြောင်းပေးပြီး စာအုပ်ဖတ် ဘီယာသောက် အနားယူရန်” တိုက်တွန်းခဲ့ကြသည်။ (see: TACTIC: Electoral guerrilla theatre
နိုင်ငံရေးလှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်နင်းနေပြီး လူထုစုဝေးမှုကို ဥပဒေထုတ် တားမြစ်ထားချိန်တွင် "အတွင်းခံစွမ်းအား" လှုပ်ရှားမှုသည် လွယ်ကူပြီး အန္တရာယ် ကင်းသည်။ အားကြီးသော ပြိုင်ဖက်၏ ပျော့ကွက်ဖြစ်သည့် အယူသည်းမှု၊ ဓလေ့ထုံးစံအရ ရှယ်ရွံ့ဖွယ်ဟု မြင့်သည့် အရာကို ကောင်းစွာ အသုံးချနိုင်ခဲ့သည်။
အဓိကနည်းဗျူဟာ
လူစုလူဝေးပြုလုပ်ခြင်းအား တရားမဝင်ဟု သက်မှတ်ထားချိန်တွေ ပြည်တွင်းပြည်ပမှ လှုပ်ရားသူများသည် အလုပ်အကိုင်မပျက်၊ မိမိအဆင်ပြေချိန်တွင် ဆနိ့ကျင်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့သည်။