အတိုချုံးပြောရရင်
အိုးခွက်တွေတီး၊ မီးတွေပိတ်၊ အရောင်တူ အဝတ်အစားတွေဝတ်ဆင်တာ စသည်စသည်ဖြင့်၊ သေးငယ်၊ ရိုးရှင်းပြီး စုပေါင်းထားတဲ့ လှုပ်ရှားမှုတွေဖြင့် ကြီးမားတဲ့ လူထုဟာ သူတို့ရဲ့ ထောက်ခံမှုကို ဖော်ပြသော ဗဟိုချက်မဲ့ လူထု ဆန္ဒပြမှုတစ်ရပ်
အောင်မြင်မှုတွင် မိခင်တစ်ထောင်ရှိတယ်
— The Internet
ကြီးမားတဲ့အတိုင်းအတာနဲ့ ဆန္ဒပြတဲ့ နဂိုပုံစံဟာ များသောအားဖြင့်၊ ထောင်ကဏန်း၊ သိန်းကဏန်းသော လူတွေကို ဗဟိုချက် နေရာတစ်နေရာကို ခေါ်ဆောင်လာကြတာမျိုး ဖြစ်တယ်။(see: TACTIC: လူအများကြီးပါတဲ့ ဆန္ဒပြပွဲတွေ ၁၉၆၃ခုနစ်၊ ဝါရှင်တန်တွင် မာတင်လူသာကင်းရဲ့ ကျော်ကြားသော ၃၀၀၀၀ အင်အားရှိ ချီတက်မှုမျိုး၊ သို့မဟုတ် ၂၀၁၁ခုနစ် အီဂျစ်တွင် တာဟီရီစကွဲလ် သိမ်းပိုက်ခြင်း မျိုးတို့ဟာ လူထုဆန္ဒပြပွဲရဲ့ စုပေါင်းညီညွတ်မှုပုံစံရဲ့ စံနမူနာ ဥပမာများဖြစ်ပါတယ်။ သို့သော် ဆန္ဒပြခြင်းများဟာ ထပ်တူညီစွာ ထူးကဲကြီးမားနိုင်တယ် - တခါတစ်လေ ပိုပြီး ထိရောက်မှုရှိနိုင်တယ် - လူတွေကို တစ်နေရာတွင် စုစည်းခြင်းမျိုး မဟုတ်ပဲ သေးငယ်ပြီး တစ်ပြိုင်တည်းဖြစ်သော ဆန္ဒပြမှု အများကြီးကို တစ်နိုင်ငံလုံးအနှံ့ သို့မဟုတ် တစ်ကမ္ဘာလုံးအနှံ့ အတူတကွ ချိတ်ဆက်ခြင်းဖြင့် ဖြစ်ပါတယ်။ ဒါဟာ ထူးခြားတဲ့ဖြစ်စဉ် အသစ်အဆန်းတစ်ခုတော့မဟုတ်ဘူး - ၁၉၆၉ခုနစ် အောက်တိုဘာတွင် ဗီယက်နမ်ရှိ စစ်ပွဲကို ရပ်ဖို့ တားမြစ်ခြင်း ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့၊ အမေရိကန်နိုင်ငံအနှံ့ စုစည်းထားတဲ့ ဆန္ဒပြမှုများကို စဉ်းစားကြည့်ပါ။ဒါပေမယ့်၊ အင်တာနက်ပေါ်လာပြီး၊ ဗဟိုချက်မဲ့သော အွန်လိုင်း တွေ့ဆုံ စုစည်းမှုတွေ၊ လူမှုကွန်ယက်တွေဟာ၊ ဖြန့်ကျက်ထားသောလှုပ်ရှားမှုများကို ပိုပြီးတိတိကျကျ၊ ထင်သာမြင်သာနဲ့ အစုအဖွဲ့စိတ်တို့ဖြင့်၊ အောင်မြင်စေရန် ပိုမိုလွယ်ကူလာအောင် (စျေးသက်သာလာအောင်) ပြုလုပ်ပေးတယ်။
ဘုံအကြောင်းတရားတစ်ခုကို ဆောင်ရွက်ဖို့ ကမ္ဘာအနှံ့က လူတွေကို ချိတ်ဆက်ရာမှာ အင်တာနက်ဟာ အခြေခံကျတဲ့ ကိရိယာတစ်ခုပဲ — အွန်လိုင်းတောင်းခံလွှာတွေမှာ နာမည်လက်မှတ်ထိုးရုံမျိုးမဟုတ်ပဲ၊ ခင်ဗျားရဲ့ အဖွဲ့ထဲ၊ သူတို့ရဲ့ အဖွဲ့တွေမှာ လုပ်နေတဲ့ လှုပ်ရှားမှုတွေနဲ့ စုပေါင်းပြီး တကယ့်လက်တွေ့ လှုပ်ရှားမှုမျိုး လုပ်ဆောင်ပါ။ အောင်မြင်တဲ့ ဖြန့်ကျက်လှုပ်ရှားမှုတစ်ခုဟာ လူမှုလှုပ်ရှားမှုတစ်ရပ်ရဲ့ ပါဝါအင်အားကို ပြသပြီး(see: PRINCIPLE: မမြင်နိုင်သောအရာများကို မြင်သာအောင်လုပ်ပါ ပိုပြီးကြီးမားတဲ့အရာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရတဲ့ ခံစားချက်မျိုး အဖွဲ့ဝင်တွေကို ပေးတယ်။ လှုပ်ရှားမှုဟာ ငယ်ရွယ် ပါးလျပြီး ချိတ်ဆက်မှု နည်းပါးနေသေးတဲ့အခါ၊ ဒါဟာ အတော်လေး အသုံးဝင်တဲ့ နည်းဗျူဟာတစ်ရပ်ဖြစ်တယ်။
တစ်ဦးတစ်ယောက်ဆီက သို့မဟုတ် အဖွဲ့တစ်ဖွဲ့က၊ နိုင်ငံရေးတောင်းဆိုမှု သို့မဟုတ် ပေါင်းစည်းညီညွတ်တဲ့ ဆိုလိုရင်းမျိုး(see: THEORY: Memesပါဝင်တဲ့ လှုပ်ရှားမှုပြုလုပ်ဖို့ လှုံဆော်မှုတစ်ရပ် အပြင်၊ ကိုက်ညီတဲ့နည်းလမ်းနဲ့ တစ်ချိန်တည်းမှာ အဝေးက အဖွဲ့ဝင်တွေကို၊ တူညီတဲ့ လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ခွင့်ပေးနိုင်မယ့် လှုပ်ရှားမှုဖွဲ့စည်းပုံတစ်ရပ် ဖြစ်စေတဲ့အခါ ဖြန့်ကျက်ထားသော လှုပ်ရှားမှုတွေဟာ များသောအားဖြင့် စတင်ပါတယ်။
ဖြန့်ကျက်ထားတဲ့ လှုပ်ရှားမှုတစ်ရပ်ဟာ လူမှုလှုပ်ရှားမှုတစ်ရပ်ရဲ့ ပါဝါအင်အားကို ပြသပြီး ပိုပြီးကြီးမားတဲ့အရာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရတဲ့ ခံစားချက်မျိုး တက်ကြွလှုပ်ရှားသူတွေကို ပေးတယ်။
အောင်မြင်သော ဖြန့်ကျက်ထားတဲ့လှုပ်ရှားမှုတစ်ရပ် အဆင်ပြေချော့မွေစေဖို့၊ ဒီ အဓိကအချက်တွေကို အာရုံစိုက်ဖို့ လိုပါလိမ့်မယ်၊
** လှုပ်ရှားမှုလုပ်မယ့် နေ့ရက် **
ခင်ဗျားတို့ရဲ့ ဖြစ်ရပ်လေးတွေ အများကြီး တစ်ချိန်တည်းမှာ ဖြစ်ဖို့ ရှိတာဟာ ဖြန့်ကျက်ထားတဲ့ လှုပ်ရှားမှုကို ပါဝါနဲ့ ချိတ်ဆက်မှုတွေပေးပြီး၊ မီဒီယာမှိုင်းကို ဖောက်ထွင်းနိုင်ကာ ခင်ဗျားရဲ့ လားရာကို လူထု အာရုံစိုက်မှု ရရှိလာဖို့ အခွင့်အရေးတွေ တိုးလာပါတယ်။ လှုပ်ရှားမှု ရက်များ (သို့မဟုတ် ရက်သတ္တပတ်များ)ကို စည်းကမ်းကြီးစွာ ချမှတ်ပြီး တည်ဆောက်နိုင်တယ် ဒါမှမဟုတ် ခပ်လျော့လျော့ တည်ဆောက်နိုင်တယ်၊ — ပန်းကန်ယူလာရတဲ့ ညစာစားပွဲတစ်ပွဲနဲ့ဆင်တူတယ်၊ လူတိုင်းက ချက်တာကြိုက်တဲ့ အစားအစာကို ယူကြတယ်။ ဇာတ်လမ်းရှေ့ဆက်ရန် ရွေးချယ်ထားသော အခရာဖြစ်တဲ့ နေရာတွေမှာ အချိန်တွေ စွမ်းအင်တွေကို ရင်းနှီးမြုပ်နှံဖို့၊ စီစဉ်သူတွေဟာ၊ ရွေးချယ်ရပါမယ် — အပိုင်းအနည်းငယ်နဲ့ ကိစ္စတွေကို နောက်တစ်ဆင့်တက်အောင် ဆောင်ရွက်မယ် —
** လှုပ်ရှားမှုအတွက် ဆင့်ခေါ်ခြင်း** လှုပ်ရှားမှုအတွက် ဆင့်ခေါ်တာဟာ၊ ခင်ဗျားရဲ့ အမာခံထောက်ခံသူတွေနဲ့ ကွန်ယက်တွေနဲ့တင်သာမကပဲ၊ သာမန်လူထုနားလည်ပြီး ခေါင်းဆောင်အသစ်တွေကို လမ်းမပေါ် ဆွဲခေါ်နိုင်အောင် လှုံဆော်နိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြပြီး၊ ထွက်ပေါ်လာစေသင့်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး၊ လှုပ်ရှားမှုအတွက် ဆင့်ခေါ်တာမှာ နိုင်ငံရေးခေါင်းဆောင်တွေ ညွှန်းထားတဲ့ တောင်းဆိုချက် ပါကောင်းပါမယ်၊ သို့မဟုတ် ဝေါစထရိကိုသိမ်းပိုက် လှုပ်ရှားမှုကို ဆင့်ခေါ်တာမျိုး၊ ဒါမှမဟုတ် အနုပညာမြောက်ပြဇာတ်မျိုး (see: STORY: Lysistrata Project.
တို့ကဲ့သို့ မကျေနပ်ချက်တွေကို အကန့်အသတ်မရှိ ဖော်ပြတာမျိုးလည်း ဖြစ်နိုင်တယ်။
** လှုပ်ရှားမှုအတွက် ပစ္စည်းကိရိယာများ**
ကြိုးစားအားထုတ်မှု၊ လှုံဆော်တဲ့ ဇာတ်လမ်းတစ်ပုဒ်၊ ကောင်းမွန်တဲ့ ဉာဏ်ကွန့်မြူးမှုတို့ဟာ အောင်မြင်သော ဖြန့်ကျက်ထားတဲ့လှုပ်ရှားမှုတစ်ရပ်ရဲ့ အရေးကြီး လက္ခဏာများဖြစ်ပါတယ်။ လှုပ်ရှားမှုတစ်ရပ်ကို အရင်က တစ်ခါမှ မစီစဉ်ဖူးတဲ့ အဖွဲ့ဝင်များအတွက်၊ သို့မဟုတ် နောက်တစ်ဆင့်တက် လုပ်ချင်တဲ့သူတွေအတွက် အပိုအင်အားတွေ ထောက်ပံ့နိုင်မယ်ဆိုရင် ပိုပြီး အကူအညီဖြစ်ပါတယ်။ စီစဉ်ဆောင်ရွက်ပုံ အကြံပြုချက် အနည်းငယ်ကို ဝက်ဘ်လင့်ခ်မှာ တင်ပေးတာမျိုး သို့မဟုတ် ပိုစတာတွေ၊ ဆောင်ရွက်ရန်စာရင်းတွေ၊ နမူနာ သတင်းထုတ်ပြန်ချက် အစရှိတာတွေနဲ့ လူကိုယ်တိုင် လေ့ကျင့်ပေးတာမျိုး(see: PRINCIPLE: အောင်ပွဲအတွက်လေ့ကျင့်ခြင်းနဲ့ ဒေါင်းလုတ်လုပ်လို့ရတဲ့ toolkitsတွေပေးတာလောက်ကို ဒါဟာ ရိုးရှင်းနိုင်ပါတယ်။ တစ်ချို့သော လှုပ်ရှားမှုများ ၊အထူးသဖြင့် လူထုအာဏာဖီဆန်မှု သို့မဟုတ် အကြမ်းမဖက် တည့်မတ်တဲ့ လှုပ်ရှားမှုတွေ၊ ဟာ တစ်ခြားသောလှုပ်ရှားမှုတွေထက် အထောက်အပံ့ ပိုမိုလိုအပ်ပါတယ်။ (see: PRINCIPLE: Take risks, but take care
Originally published in Beautiful Trouble.
အဓိကအခြေခံမူ
အပြင်လောက ဥပမာများ

A multi-year annual event on February 14 to fight violence against women around the globe.

"Most widespread day of political action" in history, with 5,245 actions in 181 countries of human banners of “350” (parts per million carbon).

On November 29, 2017, thousands protested in 340 US cities to call for a $15/hour wage for fast-food workers and others paid the minimum wage.