အတိုချုံးပြောရရင်
တက်ကြွလှုပ်ရှားသူတွေချိန်းခြောက်ခံရတဲ့အခါ ပြည်တွင်းနဲ့ နိုင်ငံတကာကွန်ယက်တွေရဲ့အားကိုယူပြီး အကြမ်းဖက်မှုတွေကိုဟန့်တားနိုင်ဖို့ အရေးကြီးပါတယ်။
တက်ကြွလှုပ်ရှားသူ တဉီးအနေဖြင့် ပြောင်းလဲမှု ပြုလုပ်လိုသော်လည်း အာဏာရှင်များမှ အကြမ်းဖက်မှုဖြင့် ချိန်းခြောက် တားဆီးခြင်း ခံရနိုင်သည်။ ထိုအချိန်တွင် သင်နှင့် သင့်လုပ်ဖော်ကိုင်ဖက်များ ဘေးအန္တရာယ်ကင်းရန် အစီအစဉ်များ လိုအပ်သည်။ ထိရောက်သော နည်းလမ်းတခုမှာ ပြည်တွင်း ပြည်ပ အဆက်အသွယ်များနှင့် ချိန်ဆက်မှု ရယူထားရန် ဖြစ်သည်။ အန္တရာယ် ကြုံတွေ့လာသည့်အခါ၊ လူထုကို ချိန်ခြောက်မှုများ ပေါ်ပေါက်လာသည့်အခါ၊ သင့်ကိုယ်တိုင် အကြမ်းဖက်ခံရသည့် အခါ တို့တွင် ထိုသူတို့ထံမှ အကူအညီများ ရရှိနိုင်သည်။ အနှစ် သုံးဆယ်ကျော် အတွေ့အကြုံရှိသော Peace Brigades International ကဲ့သလို့ အဖွဲ့များဖြင့် ချိတ်ဆက်ထားခြင်းမျိုးသည်လည်း ထိုနည်းဗျူဟာတွင် ပါဝင်သည်။
သင့်တွင် မည်သည့်အခြေအနေတွင် မည်ကဲ့သို့ အန္တရာယ် ကျရောက်လာနိုင်သည်ကို သိထားရန် လိုအပ်သည်။ မည်သူက ချိန်းခြောက်ရန် ကြံစည်နေသနည်း။ သင့်နောက်လိုက်ရန် သို့မဟုတ် ဖမ်းချုပ်ရန် ကြံစည်နေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတို့ကို မည်သို့ ဟန့်တားနိုင်သည်ကို သိထားရမည်။
အကြမ်းဖက် အဖွဲ့များသည် အရေးယူခြင်း မခံရကြောင်း သိရှိပါပို၍ အန္တရာယ်ပေးနိုင်သည်။ ဒါကြောင့် အရေးယူမခံရမှုတွေကို ကိုယ်စွမ်းသမျှ အံတုဖို့လုပ်ရမယ်။
အထိရောက်ဆုံး ဟန်တားနိုင်သည့် နည်းလမ်းမှာ သင့်ကို တိုက်ခိုက်လာပါက ဆုံးရုံးရမည့် “နိုင်ငံရေး ပေးဆပ်မှု"ကို ဖန်တီးထားရန်နှင့် ထိုသို့ ပေးဆပ်ရမည်ကို ထိုသူတို့အား သိအောင် ပြုလုပ်ထားရန် ဖြစ်သည်။ ထိုနည်းဖြင့် သင့်ကို မတိုက်ခိုက်မှီ နှစ်ခါပြန် စဉ်းစားကြလိမ့်မည်။ လူထုအုံကြွမှု ဖြစ်လာနိုင်လား။ သံတမန်ရေး ပိတ်ဆို့မှုများ ကြုံတွေ့နိုင်လား။ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာ ထိခိုက်နိုင်လား စသည်ဖြင့် တွေးကြလိမ့်မည်။
ထိုသို့ စမ်းစစ်မှုများ ပြုလုပ်ပြီးနောက် သင့်ကို ဂရုစိုက်သော လူထု၊ NGOများ၊ သတင်းထောက်များ၊ သံရုံးများ၊ နိုင်ငံရေးသမားများ သို့မဟုတ် ကုလသမ္မဂ စသူတိုနှင့် ချိတ်ဆက်မှုများ စတင် ပြုလုပ်ထားရမည်။ ထိုသူတို့သည် သင်နှင့် သင့်လုပ်ဖော်ကိုင်ဖက်များ တိုက်ခိုက်ခံရပါက တိုက်ခိုက်သူများကို "နိုင်ငံရေးပေးဆပ်မှု"များ ပေးဆပ်ရစေရန် ပြုလုပ်နိုင်စွမ်းရှိသည်။ သင့်၏ အဆက်အသွယ်များ၊ ထိုသူတို့၏ စွမ်းဆောင်နိုင်မှုများ၊ ပြန်လည်တုံပြန်ရန် အသင့်ရှိခြင်းများကို အတိုက်အခံများ သိရှိအောင် ဆောင်ရွက်ထားရမည်။
ထောက်ခံသော ကွန်ရက်များသည် ကာကွယ်သည့် အပြင် အန္တရာယ် ကျရောက်ပါက တုံ့ပြန်ရန်လည်း လိုအပ်သည်။ သင့်လှုပ်ရှားမှုကို ဖျက်စီးမည့်၊ နာမည် ထိခိုက်စေမည့် ကြိုးပမ်းမှုများလည်း ကြုံတွေ့နိုင်သည်။ ထိုသို့ဖြင့် သင့်ကို အားနည်းစေပြီး တိုက်ခိုက်ရ လွယ်ကူစေမည် ဖြစ်သည်။ ထိုကိစ္စများကို ရှောင်ရှားရန်အတွက် သင်ထိခိုက်ဒါဏ်ရာရချိန်တွေ သင့်အလုပ်များကို တရားဝင် လုပ်ကိုင်နိုင်ရန် ကွန်ရက်အတွင်းမှ အဖွဲ့အစည်းများကို လူသိရှင်ကြားဖြစ်စေ၊ လျို့ဝှက်ဖြစ်စေ တာဝန်လွဲအပ်ထားရန် လိုအပ်သည်။ အကြမ်းဖက် အဖွဲ့များသည် အရေးယူခြင်း မခံရကြောင်း သိရှိပါပို၍ အန္တရာယ်ပေးနိုင်သည်။ ထို့ကြောင့် မည်သည့် တိုက်ခိုက်မှုမဆို၊ တိုက်ခိုက်မှုတိုင်းကို သင့်ကွန်ယက်ကအတွင်းမှ အဖွဲ့အစည်းများမှ တရားမျှတမှုနှင့် တာဝန်ယူ တာဝန်ခံမှု တက်ကြွစွာ တောင်းဆိုကြရန် လိုအပ်သည်။
ကမ္ဘာမှ စောင့်ကြည့်နေပြီး သူတို့၏ ပုံရိပ်ထိခိုက်မည် ဖြစ်ကြောင်း သင့်အတိုက်အခံ ဖြစ်လာနိုင်သည့် သူများ ကောင်းစွာ နားလည်နေအောင် ပြုလုပ်ထားရမည်။
ဥပမာ Peace Brigades International ကဲ့သို့ အဖွဲ့အစည်းသည် ယင်းဟန့်တားမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်သည်။ လူအခွင့်အရေး ကာကွယ်သူများကို ချိန်းခြောက်လာပါက နိုင်ငံတကာ စေတနာ့ ဝန်ထမ်းများကို လူ့အခွင့်အရေး ကာကွယ်သူများ၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို ကူညီရန်နှင့် နိုင်ငံတကာ၏ စိုးရိမ်မှု့များ ရရှိစေရန် ဆောင်ရွက်ပေးနိုင်သည်။ သို့သော်လည်း ထိုနည်းမှာ ကွန်ရက်ကို မြင်သာထင်ရှားလာစေရန် ပြုလုပ်နိုင်သည့် နည်းလမ်းများစွာထဲမှာ တနည်းသာဖြစ်သည်။ NGO အဖွဲ့တခုခုမှ အရေးတကြီး ဆောင်ရွက်ရန် ထုတ်ပြန်ချက်ကို ညွန်းဆိုပြီး နာမည်ရ သတင်းစာ တစောင်မှ သတင်းတပုဒ် သို့မဟုတ် အဖြစ်အပျက်တခု ဖော်ပြနိုင်သညိ။ အရေးကြီးသည့် သံအမတ်တဉီးသည် သင့်တောင်းဆိုမှုကို ဆန့်ကျင်နေသည့် အစိုးရ သို့မဟုတ် လုပ်ငန်း တခုနှင့် တိုက်ရိုက် တွေ့ဆုံ ပြောဆိုပေးနိုင်သည်။ အဖွဲ့အစည်း ပေါင်းစုံ စုပေါင်းထားသော ကားတန်းတခုဖြင့် သင့်ကွန်မြူနီတီ အတွင်း လာရောက်လည်ပတ်နိုင်သည်။ ယူအန်ကွန်မတီမှ သင့်ကိစ္စကို ထုတ်ဖော်ပြောဆိုနိုင်သည်။
မည်သည့် နည်းလမ်းသည် သင့်အား လုံခြုံစေနိုင်မည်ကို သင်သာ နားအလည်နိုင်ဆုံး ဖြစ်သည်။ သို့သော်လည်း ကမ်ပိန်းမစတင်မီကတည်းက လိုအပ်သော စမ်းစစ်မှုများကို ပြုလုပ်ထားရန် လိုအပ်သည်။ လုံခြုံရေး ဗျူဟာကို အထောက်အကူပြုနိုင်သည့် ကွန်ရက်ကို ရှာဖွေထားရမည်။