သီအိုရီ

“ဒီမိုကရေစီ မြှင့်တင်ရေး”

A mural in Caracas, Venezuela, shows Che Guevara, Simón Bolivar, and Hugo Chavez knocking out Uncle Sam, capitalism, and imperialism. Photo: Alexandre Haubrich | CC BY-NC 2.0

အတိုချုံးပြောရရင်

မူဝါဒါချမှတ်သူတွေက ဖော်ရွေမှု မရှိ၊ တည်ငြိမ်မှု မရှိဟု သက်မှတ်လိုက်သည့် နိုင်ငံများကို ဝင်ရောက် ထိန်းချုပ်ရန် အားထုတ်မှုကို အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီ ပရိုမိုးရှင်း ဟုသုံးနှုန်းသည်။

ဒါဒီမိုကရေစီမဟုတ်ပါဘူး။ နိုင်ငံရေးအတွက်တော့ အစားအသောက်လောကရဲ့ မက်ဒေါ်နယ်လိုပေါ့။

— John Pilger

အစများ

Began in the 1980s, expanded with the collapse of the Soviet block and the spread of the so-called colour revolutions.

၁၉၈၀ လွန်နှစ်များအတွင်း အာရှနိုင်ငံတလွှား ပြည်သူ့အာဏာပုန်ကန်မှုများ (People Power) ကြီးထွားလာပြီး နိုင်ငံရေးအခြေအနေများ ပြောင်းလဲသည်နှင့် အမျှ အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာသည် ဖိနှိပ်ချုပ်ချပ်သော စစ်ရေးကြားဝင်မှုများကို မှီခိုအားထားနေမှုမှ ပြောင်းလဲသွားပြီး စီအိုင်အေပါဝင်ပတ်သက်မှုကို ပြည်သူအစိတ်အပိုင်းတခုပါဝင်သော “ဒီမိုကရေစီ မြင့်တင်မှု”ဟု ခေါ်ဆိုပြီး ဖုံးကွယ်လိုက်သည်။ ထိုစီမံကိန်းကို ဖော်ရွေမှု မရှိ၊ တည်ငြိမ်မှု မရှိဟု အမေရိကန် ပေါ်လစီပြဌာန်းသူများက ယူဆထားသည့် နိုင်ငံများတွင် အသစ်ပေါ်ပေါက်လာသည့် လူအဖွဲ့အစည်းများကို ဝင်ရောက် ထိန်းချုပ်ရန် အားထုတ်ရာတွင် အသုံးပြုသည်။ ဒေါ်လာ သန်းပေါင်းများစွာသော ရန်ပုံငွေများသည် ယခင်က CIA စီမံခန့်ခွဲနေသည့် စီမံကိန်းများထဲသို့ လိမ့်ဝင်လာသည်။ ထိုစီမံကိန်းများမှာ အမေရိကန်နှင့် နိုင်ငံပေါင်းများစွာ ချိတ်ဆက်မှုကို ကူညီဆောင်ရွက်ပေးမည့် နိုင်ငံရေးပါတီ၊"ရင်းနှီးစွာ"ဖွဲ့စည်းထားသည့် ကုန်သွယ်ရေး အဖွဲ့အစည်း၊ အမျိုးသမီးဝါဒ မဟာမိတ်အဖွဲ့များ၊ တက်ကြွလှုပ်ရှားသူ အစုအဖွဲ့များနှင့် မီဒီယာများ ဖန်တီးခြင်းများ ဖြစ်သည်။ National Endowment for Democracy အဖွဲ့၊ ALF-CIO အဖွဲ့၊ ဒီမိုကရစ်တစ်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီများ၏ နိုင်ငံတကာရေးရာ ကော်မတီများ၊ အမေရိကန်ကုန်သွယ်ရေး အသင်း၊ အမေရိကန် အရာရှိကြီးများမှ ရွေးချယ်ထားသော အန်ဂျီအိုများကို ရန်ပုံငေါများ ထောက်ပံ့သည်။ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးမှ အီလစ် အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မဟာမိတ်များကြား ဆက်ဆံရေး ဖန်တီးပြီး အသစ်ပေါ်ထွက်လာသည့် အသိုင်းအဝိုင်းကြား ဖော်ရွေသည့် ချိတ်ဆက်မှုများ တည်ဆောက်ရန် ဖြစ်သည်။

လမ်းပေါ်ရောက်နေသည့် အစွန်းရောက် တွန်းအားများသည် ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် တိုးတက်ကျန်ရစ်ခဲ့လျှင် အမေရိကန် မဟာဗျူဟာဆိုင်ရာ စစ်ရေးအကျိုးစီးပွားနှင့် ကော်ပိုရေးရှင်း လွမ်းမိုးမှု နှစ်ခုလုံးကို ချိန်းခြောက်မှု တခုဖြစ်လာနိုင်ကြောင်း အမေရိကန် မူဝါဒ ချမှတ်သူများက ကောင်းစွာ သတိပြုမိကြသည်။

အမေရိကန် ကျောထောက်နောက်ခံရရှိထားသည့် အာဏာရှင်စနစ်ကို ဖြုတ်ချရန် ကြိုးပန်းမှုနှင့်အတူ အင်အား ကြီးမားလာသည့် တိုင်းရင်းသား အစွန်းရောက် အဖွဲ့အစည်းများကို ဖိနှိပ်နှိမ်နင်းရာတွင် ထိုသို့ကြိုးပန်းအားထုတ်လေ့ရှိသည်။ ဥပမာ မာကို့စ်လက်အောက်ရှိ ဖိလစ်ပိုင်နိုင်ငံတွင်ကဲ့သို့ သို့မဟုတ် မူဘာရက်မကျဆုံးခင် မကြာသေးခင်က အီဂျစ်ပြည်တွင် ဖြစ်ခဲ့သကဲ့သို ဖြစ်သည်။ ဤဖြစ်ရပ်နှစ်ခုစလုံး၏ ရည်မှန်းချက်မှာ အောက်ခြေမှ တက်လာသည့် လူကြိုက်များသော တောင်းဆိုချက်များကို ဖိနှိပ်ပယ်ဖျက်ရန် ဖြစ်သည်။ လမ်းပေါ်ရောက်နေသည့် အစွန်းရောက် တွန်းအားများသည် ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် တိုးတက်ကျန်ရစ်ခဲ့လျှင် အမေရိကန် မဟာဗျူဟာဆိုင်ရာ စစ်ရေးအကျိုးစီးပွားနှင့် ကော်ပိုရေးရှင်း လွမ်းမိုးမှု နှစ်ခုလုံးကို ချိန်းခြောက်မှု တခုဖြစ်လာနိုင်ကြောင်း အမေရိကန် မူဝါဒ ချမှတ်သူများက ကောင်းစွာ သတိပြုမိကြသည်။ ဒေသခံ ပြည်သူလူထု အစုအဖွဲ့လေးများထိ အမေရိကန် ဝင်ရောက်ပံပိုးမှုသည် တိုင်ရင်းသားများ၏ လှုပ်ရှားမှုများ အစွန်းရောက်ရန် အလားအလာများကို ထိန်းချုပ်ရန် ကာကွယ်သည့် လှုပ်ရှားမှု ဖြစ်လေ့ရှိသည်။ “အာဏာရှင်အောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ရခြင်းသည် အစွန်းရောက် ပုန်ကန်မှုများကို မွေးဖွားပေးနိုင်သည့် အန္တရာယ်ရှိသည်။ နောက်ဆက်တွဲ ပြောင်းလဲမှုသည် အာဏာရှင်နှင့် နိုင်ငံတော် ယန္တရား နှစ်ခုလုံးကို ဖြိုဖျက်ပစ်နိုင်ပြီး နိုင်ငံရေးအရ လူမှုတော်လှန်ရေးတခုကို ပေါ်ပေါက်လာစေလိမ့်မည်။” ဟူ၍ ဂျိမ်းစ် ပက်ထရပ်စ်က အာရပ်နွေဉီး တော်လှန်ရေးကာလတွင် သတိပြုမိခဲ့သည်။ (ယူဂိုစလားဗီးယားမှ မစ်လိုစီးဗစ်ကဲ့သို့သော အမေရိကန်နှင့် ဆက်ဆံရေး မကောင်းသော အာဏာရှင်များအား ဖြုတ်ချရန် စစ်ရေးအရ ၀င်ရောက် မဖြစ်နိုင်ခဲ့သည့်အခါ အန်ဂျီအိုများ ဉီးဆောင်မှုဖြင့် အကြမ်းမဖက်သော နည်းလမ်းများကို ရွေးချယ်သည့် အခြားနည်းဗျူဟာတခု အဖြစ် အသုံးချ ဖြုတ်ချနိုင်သည်။)

(Reprinted with permission from George Katsiaficas, Asia's Unknown Uprisings, Vol. II: People Power in the Philippines, Burma, Tibet, China, Taiwan, Bangladesh, Nepal, Thailand and Indonesia, 1947-2009. PM Press, 2013.)

အပြင်လောက ဥပမာများ

Who’s Afraid of Hugo Chávez: Race, Empire, and Revolutionary Subjectivity

What is it about Chavismo that allows it to play this critical role in sustaining the ideological fantasies of both the Trumpian ultra-right and the establishment “extreme center”?

Blowback: Havana (Derangement) Syndrome

Guests Helen Yaffe, José Pertierra and Marta Núñez Sarmiento discuss the protests in Cuba during July 2021.

The War on Democracy

Journalist John Pilger explores the current and past relationship of Washington with Latin American countries such as Venezuela, Bolivia, and Chile.

La guerra contra la democracia (versión en español)

Documental por John Pilger. La historia del manipulación de países latinoamericanos por Estados Unidos durante los últimos 50 años.

Anatomy of a Coup

The astonishing story of how an American-sponsored coup almost led to the collapse of democracy in Venezuela.

US Secretly Created “Cuban Twitter” to Stir Unrest and Undermine Government

USAid started ZunZuneo, a social network built on texts, in hope it could be used to organize ‘smart mobs’ to trigger a Cuban spring.

ပိုမိုလေ့လာရန်