အတိုချုံးပြောရရင်
ဖိနှိပ်အုပ်စိုးမှုများတွင် အာဏာပိုင်များကို တည့်တည့်ဝေဖန်ခြင်းဟာ အလွနအလွန်အန္တရာယ်များပါတယ်။ အန္တရာယ်အနည်းဆုံးအုပ်ချုပ်သူတွေရဲ့ အာဏာကို စိန်ခေါ်နည်းကတော့ နေ့စဉ်စီးပွားရေးရုန်းကန်ရမှုတွေဘက်ကို အာရုံစိုက်ဖို့ပါပဲ။ ဥပမာ ကုန်စျေးနှုန်းတက်ခြင်း
အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ လူမူဘဝ သာတူညီမျှမှုရဖို့ လှုပ်ရှားသူတွေမှာ အသက်ရှင် နေထိုင်ရတာ အန္တရာယ်များလွန်းလှတယ်။ အာဏာရှင်ကို ပွင့်ပွင်းလင်းလင်း ဝေဖန်တာ သို့မဟုတ် နိုင်ငံရေးအကြောင်း ပြောတာတွေကြောင့် အနိုင်ကျင့်ခံ ရနိုင်၊ စောင့်ကြည့်ခံရနိုင်၊ ချိန်းခြောက်ခံရနိုင်တယ်။ ထောင်သွင်း အကျဉ်းချ ခံရနိုင်တယ်။ သို့မဟုတ် အဲဒါတွေထက် ထက်ဆိုးတာတောင် ဖြစ်နိုင်သေးတယ်။
ခြောက်ခြားစိုးရိမ်ပြီးလည်း မနေချင်ဘူး။ နှုတ်ဆိတ်ပြီးလည်း ခေါင်းငုံမခံနေနိုင်ဘူးဆိုတဲ့ လူတွေအတွက်တော့ ပြောင်ပြောင်တင်းတင်း ဝေဖန်တာ၊ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေ လုပ်တဲ့အခါ လမ်းပေါ်မှာ လူတိုင်းနေ့စဉ်ကြုံတွေနေရတဲ့ ပြဿနာတွေကို အဓိကထား ပြောဆိုတာတွေ လုပ်တာက လက်တုန့်ပြန်ခံရနိုင်တဲ့ အန္တရာယ်ကို လျော့သွားနိုင်တယ်။ ဥပမာပြောရရင် အကျင့်ပျက် ခြစားတာ၊ အာဏာရှိတဲ့သူတွေ ဥပဒေချိုးဖောက်တာတွေကို ထောက်ပြမည့်အစား စားစရာ ပြတ်လက်နေတာ၊ မိလ္လာပြဿနာ၊ မီးမလာတာ ဒါမှ မဟုတ်လည်း စက်သုံးဆီ ဈေးကြီးတာ စတာတွေ ထောက်ပြတာက ပိုဘေးကင်းနိုင်တယ်။
နောက်ပြီးတော့ နေ့စဉ်ဘဝနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ထောက်ပြလိုက်တာက နိုင်ငံရေးနဲ့ ဆိုင်တဲ့ ကိစ္စတခုခု ဖြစ်လာအောင် တိုက်ရိုက် လှုံဆော်တာထက် လူထုဆီက အာရုံစိုက်မှုနဲ့ ထောက်ခံမှုကို ရဖို့ ပိုလွယ်တယ်။ အစားအသောက်၊ ကျန်းမာရေး ကိစ္စတွေကို ပြောတာဟာ ဆိုတဲ့ နောက်ကွယ်က အချက်အလက်တွေ ရှုပ်ထွေးတဲ့ လူတိုင်းတတ်နိုင်တဲ့ ဈေးနဲ့ အလုပ်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး ဆိုတာမျိုးထက်ပိုပြီး ထိရောက်နိုင်တယ်။
အပြင်လောက ဥပမာများ

Demanding the protection of water resources from corporate exploitation, 15,000 indigenous people gathered to protest in Guatemala City.