သီအိုရီ

အနာဂတ်ကို စိတ်ကူးပုံဖော်ထားသော နိုင်ငံရေး

Graffiti made by the graffiti artist Banksy is seen on Israel's Separation Wall in Abu Dis on August 6, 2005. (Photo by Marco Di Lauro/Getty Images)

အတိုချုံးပြောရရင်

အမြော်အမြင်ရှိရှိ တိုက်ရိုက် လုပ်ဆောင်ချက်နဲ့ ကျွန်တော်တို့ တန်ဖိုးထားမှုများဖြင့် ရှင်သန်နေထိုင်မှု မှတစ်ဆင့်၊—ကျွန်တော်တို့ မြင်တွေ့လိုတဲ့ အနာဂတ်ဆီသို့ ပစ္စုပ္ပန်တွင် အစပြုခြင်းအားဖြင့်၊ ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုဟာ လိုအပ်ရုံသာမက ဖြစ်နိုင်ဖွယ် ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ခံစားတွေ့ကြုံကြည့်နိုင်ပါတယ်။

You never change things by fighting the existing reality. To change something, build a new model that makes the existing model obsolete.

— Buckminster Fuller

အစများ

၁၉၇၀များတွင် အမေရိကန် ပညာရှိ ကား(လ်)ဘော့(ဂျ်)(စ်)က ဝေါဟာရတီထွင်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိသျှ ဆိုရှယ်လစ် အမျိုးသမီးဝါဒီ စာရေးဆရာ သျှီလာ ရိုဘောသမ်က အမျိုးသမီး လှုပ်ရှားမှုများတွင် အသုံးပြုခဲ့ပါတယ်။ ဘော့(ဂျ်)(စ်)ရဲ့ အဆိုအရ၊ ရည်ရွယ်ချက်ဟာ၊ လူမှုဆက်ဆံရေးများ၊ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ယဉ်ကျေးမှုနဲ့ လူ့အတွေ့အကြုံတို့ ပါဝင်တဲ့ . . . လှုပ်ရှားမှုတစ်ရပ်၏ ကျင့်သုံးနေဆဲ နိုင်ငံရေး အလေ့အထအတွင်း၊ အဆုံးစွန်သော ပန်းတိုင်များကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။

ကျွန်တော်တို့ အများစုဟာ အခြေအနေဆိုးတွေ ဖြစ်ပျက်လာခြင်းကို ရပ်တန့်ဖို့ ကြိုးစားရင်း အချိန်တွေ အမြောက်အမြား ကုန်လွန်ကြတယ်၊ အခြေအနေတွေ ပိုမိုကောင်းမွန်လာအောင် ပုံဖော်ဖို့အတွက်ကျတော့ အချိန်ယူတာ ရှားတယ်။ တစ်ကိုယ်တော် သွားပြီး ကျွန်တော်တို့ နေလိုတဲ့ အနာဂတ်ရဲ့ အစိတ်အပိုင်း သေးသေးလေးတစ်ခု ဖန်တီးကြည့်ပါ။ အနာဂတ်ကို စိတ်ကူးပုံဖော်ကြည့်ခြင်းတွေဟာ အဲ့ဒီ မညီမျှမှုကို ရင်ဆိုင်ဖို့ ကြိုးပမ်းပါတယ်။

အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ နေ့လည်စာ ကောင်တာ စားပွဲ၀ိုင်းများမှ တစ်နေရာမျှ ဖယ်မပေးဘဲ ဆန္ဒပြနည်းကို၊ (တောင်ပိုင်းပြည်နယ်များတွင် လူဖြူများနှင့် အခြားလူများ တို့ကို တန်းတူ အခွင့်ဖြစ်စေသည် သို့သော် မရောပဲ သီးသန့်ခွဲထားမည်ဟူသော မူအရ အများဆိုင်နေရာတို့ တွင် လူဖြူအတွက် သီးခြားခွဲထားရသော) အမေရိကန်ရှိ ဂျင် ကရိုး ခေတ် လူမျိုးရေးခွဲခြားမှုကို ပြောင်ပြောင်တင်းတင်း ဖီဆန်သော၊ ရဲစွမ်းသတ္တိရှိသောနဲ့ အဆုံးစွန်ထိအောင်မြင်သော အတိုက်အခံလုပ်ရပ်များအဖြစ်၊ မကြာခဏ ရည်ညွှန်းပြောဆိုကြပါတယ်။ ဒါတွေဟာ ဧကန်မုချ အဲ့ဒီလိုပါပဲ ဒါပေမဲ့ အဲ့ဒါတွေဟာ အနာဂတ်ကိုလည်း လေးလေးနက်နက် စိတ်ကူးပုံဖော်ထားကြတယ်။

ကျောင်းသားများရဲ့ လုပ်ဆောင်မှုများဟာ — လူမျိုးရောအဖွဲ့တွေဟာ ဥပဒေကို ဆန့်ကျင်ပြီး နေ့လည်စာ ကောင်တာစားဝိုင်းများတွင် ထိုင်ပြီး နေ့လည်စာ တည်ခင်းကျွေးမွေးဖို့ တောင်းဆိုကြတယ် — အောင်မြင်မှုကို နိမိတ်ပြခဲ့ပြီး သူတို့ နေထိုင်လိုတဲ့ ကမ္ဘာကြီးကို စိတ်ကူးပုံဖော်ခဲ့ကြတယ်၊ သူတို့အလိုရှိတဲ့ မတူညီတဲ့ အသားရောင်များ အတူတကွ ရောနှောနေထိုင်ကြခြင်းကို သူတို့ဟာ ပြဋ္ဌာန်းကျင့်သုံးခဲ့ကြတယ်။

ကျွန်တော်တို့ စိတ်မကူးထားတဲ့ ကမ္ဘာကို ကျွန်တော်တို့ မဖန်ဆင်းနိုင်ဘူး။ ကျွန်တော်တို့ အဲ့ကမ္ဘာကို အရသာခံ မြည်းစမ်းကြည့်ဖူးရင် ပိုကောင်းပါတယ်။

နောက်ပြောင်ကျီစယ်မှုများ၊ အနုပညာဖြင့် ကြားဝင်စွက်နှောင့်ယှက်ခြင်းများ၊ နည်းဗျူဟာမြောက် ပြန်ကြားဆက်သွယ်ရေး၊ သမာရိုးကျမဟုတ်သော ပွဲတော်များ၊နဲ့ တစ်နေရာတွင် ခေတ္တယာယီ လူစုဝေးခြင်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဂူရယ်လာ ပြဇာတ်တို့တောင်မှ၊ ကျွန်တော်တို့ နေထိုင်လိုတဲ့ ကမ္ဘာကြီးကို စိတ်ကူးပုံဖော်ရာတွင်၊ ထိရောက်သော နည်းလမ်းများ ဖြစ်ပါတယ်။

စိတ်ကူးပုံဖော်ထားသော ကြားဝင်စွက်နှောင့်ယှက်မှုများဟာ ယူဆလက်ခံမှု နေရာတွင် ပြုလုပ်တဲ့ တိုက်ရိုက် လုပ်ဆောင်ချက်များ ဖြစ်ပါတယ် — ယုံကြည်မှုများကို ချမှတ်တဲ့နေရာ၊ ပြောင်းပြန်လှန်ပစ်တဲ့နေရာ၊ ဖြစ်နိုင်တဲ့ ကန့်သတ်ချက်တွေကို ဆွဲဆန့်ပေးနိုင်တဲ့ နေရာ။(see: METHODOLOGY: ကြားဝင်စွက်နှောက်ယှက်မယ့် နေရာများ အနာဂတ်ကို စိတ်ကူးပုံဖော်ထားသော နိုင်ငံရေးရဲ့ ပန်းတိုင်က နှစ်သွယ်ဖြစ်တယ်၊ ဖြစ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို စိတ်ဝင်စားဖွယ် ဖျတ်ခနဲမြင်ကြည့်ခြင်းကို ပေးဖို့၊ နဲ့ — နှုတ်ရေးအရ စကားကြွယ်၀လျက်ဖြစ်စေ သို့မဟုတ် တုံးတိတိဖြစ်စေ — ကျွန်တော်တို့ အမှန်တကယ် နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ စိတ်ကူးစိတ်သန်း ခေါင်းပါးမှုကို ထောက်ပြဖို့လည်း ဖြစ်ပါတယ်။

အီဂျစ်ရှိ တာ့ဟရီ ရင်ပြင်ကို သိမ်းပိုက်ခြင်းနဲ့ စပိန်တဝှမ်း အများပြည်သူရင်ပြင်များတွင် အင်ဒစ်(ဂ်)နာဒိုး(စ့်) လှုပ်ရှားမှုဖြင့် စခန်းချခြင်းတို့ကဲ့သို့၊ ကမ္ဘာတဝှမ်းရှိ သိမ်းပိုက်ခြင်း (see: STORY: Occupy Wall Street စခန်းချမှုများဟာ စိတ်ကူးပုံဖော်ထားသော ကြားဝင်စွက်နှောင့်ယှက်မှုများရဲ့ စမ်းသပ်မှုတွေ ဖြစ်ပါတယ်။ လူထု ဖြစ်လာစေချင်တဲ့ တစ်ဦးချင်းနဲ့ အဖွဲ့အစည်းကြား အခွင့်အရေးများ နှစ်ဖက်ညီမျှမှုရှိရှိ လောကပုံစံငယ်ကလေး နဲ့ ဒီမိုကရေစီဝါဒ အခြေခံသော ကမ္ဘာကြီးကို ဖန်တီးရန်၊ လူထုအတွက် နေရာတစ်နေရာ ထောက်ပံ့ပေးတယ်။ အလားတူ၊ မီးစွဲလောင်နေသော (သစ်သားရုပ်တု)လူသား အနုပညာပွဲတော်ဟာလည်း၊ ယာယီခေတ္တ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဇုန်တစ်ခုအဖြစ် လုပ်ဆောင်ပါတယ်။ ထိုနေရာတွင် လူတွေဟာ သူတို့ စံသတ်မှတ်ထားသလို နေထိုင်ကြတယ်၊ အကြံဉာဏ်တွေကို စစ်ဆေးကြည့်ကြတယ်၊ အစစ်အမှန်ကာလတွင် အနာဂတ်ကို လက်တွေ့စမ်းသပ်နေထိုင်ကြည့်ကြတယ်။

လစဉ် လုပ်ဆောင်ရန် လိုအပ်တဲ့ အနည်းဆုံး အရင်းအနှီး ပမာဏဖြင့် စက်ဘီးစီးခြင်းဟာ၊ စက်ဘီးတွေဟာ ယာဉ်အသွားအလာအဖြစ် အမှန်တကယ် သဘောထားသော အနာဂတ်မြို့တော်များကို၊ စိတ်ကူးပုံဖော်ကြတာဖြစ်တယ်။ သို့မဟုတ် ပါကင်ထိုးတဲ့နေ့ရက်တွင်၊ နိုင်ငံတဝှမ်းရှိ မြို့တော်များမှာ လူတွေဟာ၊ တစ်ရက်စာ တန်ဖိုးရှိ အကြွေစေ့များကို ပါကင် မီတာတွင် ထိုးသွင်းကြပြီး၊ သူတို့ရဲ့ ပါကင်နေရာများအား၊ အသေးစား အားကစားကွင်းလေးအဖြစ် သို့မဟုတ် ဂျက်ဇ်ဂီတပြပွဲအဖြစ် သို့မဟုတ် အသေးစား အများပြည်သူ ရေကူးကန်အဖြစ် ပြောင်းလဲပစ်ခြင်းဟာ၊ စိမ်းလန်းစိုပြေတဲ့ မြို့ပြဝန်းကျင်တစ်ခုနဲ့ ပြန်လည် တောင်းယူလိုက်တဲ့ ကွင်းပြင်ကျယ်တစ်ခုကို၊ စိတ်ကူးပုံဖော်ကြတာ ဖြစ်တယ်။

သဘာ၀ ပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများဟာ — SWAT အသင်းကဲ့သို့ ဦးထုပ်များနဲ့ တံဆိပ်များဖြင့် အပြည့်အစုံ စီစဉ်ပြီး အစိုးရဌာနမှ ကိုယ်စားလှယ်များအဖြစ် ဟန်ဆောင်ကာ—၊ အမှန်တကယ် မရှိသော်လည်း ရှိသင့်သော၊ ဓာတ်ဆီ ဥပဒေအတိုင်းလိုက်နာစေတဲ့ အစိုးရဌာနဟာ ၂၀၀၆ ခုနစ် ဇာတ်ဆန်ဆန် လှုပ်ရှားမှု ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေဟာ SUVs( လမ်းကြမ်းမောင်း ကားများ)ကို လက်မှတ် ချလံဖြတ်တယ်၊ ဆီအရည်အသွေးညံဖျင်းသော ယာဉ်များကို မော်တော်ကားပြပွဲများတွင် ဖမ်းဆီးပြီး အစိုးရဟာ ရာသီဥတုပြောင်းလဲခြင်းကို အလေးအနက်ထားတဲ့ အနာဂတ်တစ်ခုကို ယေဘုယျအားဖြင့် ပုံဖော်ကြည့်ခဲ့ကြတယ်။

ကျင့်သုံးခြင်းအားဖြင့် တည်ဆောက်ထားတဲ့၊ [အမှန်တကယ် မျှော်လင့်ချက်ဟာ ခွန်အားတစ်ရပ်(Hope is a muscle)]ဖြစ်တယ်ဆိုရင်၊ — ပြည်သူတို့အာဏာဖီဆန်ခြင်း လိုမျိုး အနာဂတ်တွင် သေချာပေါက်ဖြစ်လာမယ့် လုပ်ဆောင်မှုများ ဖြစ်စေ၊ သမားရိုးကျမဟုတ်သော အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဖြစ်စေ သို့မဟုတ် ဟာသဆန်ဆန် ရန်ဆွမှုများကို ဖြစ်ပေါ်စေခြင်းဖြစ်စေ — ကျွန်တော်တို့ နေထိုင်လိုတဲ့ ကမ္ဘာကြီးကို စိတ်ကူးပုံဖော်တဲ့ ကြားဝင်စွက်နှောင့်ယှက်မှုများဟာ ထိုခွန်အားကို ထိထိရောက်ရောက် လုပ်ကိုင်စေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်၊

Originally published in Beautiful Trouble.

အဓိကအခြေခံမူ

ပြပါ မပြောပါနဲ့။

ယူတိုပီးယားအကြောင်း ခင်ဗျား ဆက်ပြောနိုင်တယ်၊ ခင်ဗျား အိပ်မက်မက်ထားတဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး၊ အခြေအနေတွေဟာ ခြားနားနိုင်တဲ့အကြောင်းကိုကောပေါ့။ မျက်နှာမှာ ဆွေးလျတဲ့ ဝေဒနာမပေါ်ခင်အထိ၊ ခင်ဗျားကို ဘယ်သူမှ အာရုံစိုက်မှာမဟုတ်ဘူး။ ခင်ဗျားပြောနေတာကို ခင်ဗျားကိုယ်တိုင်တောင် ယုံကြည်ချင်မှ ယုံကြည်မယ်။ ဒါပေမဲ့၊ ခင်ဗျား ရှာဖွေနေတဲ့ အပြောင်းအလဲမှာ နေထိုင်မှုအတွေ့အကြုံကို ဖန်တီးခြင်းဟာ၊ ( စစ်မှန်တယ်လို့ ဆယ့်ငါးစက္ကန့်လောက် ခင်ဗျားယုံကြည်တဲ့ နိမိတ်ခေါင်းစီး ဖြစ်စေ၊ သို့မဟုတ် မည်သူမဆို အခမဲ့ သုံးစွဲဖို့ အဆောက်အဦးတစ်ခုဘေး မှီထားပြီး သော့မခတ်ထားတဲ့ အဖြူရောင် စက်ဘီးတစ်စီး ဖြစ်စေ) အဆိုးမြင်ဝါဒကို ဖောက်ဖျက်ပြီး၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေး စိတ်ကူးစိတ်သန်းများကို နှိုးဆွပေးကာ အခြားကမ္ဘာဟာ ဖြစ်နိုင်တယ်ဆိုတာ အခိုင်အမာပြောဆိုဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်။ တကယ်တော့၊ ကျွန်တော်တို့ စိတ်မကူးထားတဲ့ ကမ္ဘာကို ကျွန်တော်တို့ မဖန်ဆင်းနိုင်ဘူး။ ကျွန်တော်တို့ အဲ့ကမ္ဘာကို အရသာခံ မြည်းစမ်းကြည့်ဖူးရင် ပိုကောင်းပါတယ်။

အပြင်လောက ဥပမာများ

Brazil's MST Social Movement Occupies Vice President's Farm

Brazilian land activists occupied a sprawling estate due to its ties with the country’s Vice President Michel Temer.

Greenpeace blocks BP HQ with solar panels on new CEO’s first day

500 solar panels crowded BP’s London office, a prefigurative intervention to the climate crisis.

ပိုမိုလေ့လာရန်

Don’t Wait for the Revolution, Live It
Andrew Boyd, Yes Magazine, 2013
Should We Fight the System or Be the Change?
Mark Engler and Paul Engler, Waging Nonviolence, 2014