အတိုချုံးပြောရရင်
တစ်ခါတစ်ရံမှာ အာဏာပိုင်တွေအတွက် ဒေါသထက် ကြင်နာမှုကို ပြန်လည်ခုခံဖို့ ခက်ခဲပါတယ်။ စစ်မှန်သော သနားကရုဏာနဲ့ စည်းရုံမှုအချို့ အသုံးပြုမယ်ဆိုရင်၊ သနားကြင်နာသောဟန်တစ်ရပ်ဟာ လူထုအပေါ် အနိုင်ယူနိုင်ပြီး လူသားမဆန်တဲ့ အခြေအနေတစ်ရပ်မှာ လူသားဆန်လာအောင်တောင် ကူညီပေးနိုင်ပါတယ်။
တခြားအရာအားလုံးထက်ပိုပြီး ကြင်နာပါ
— Kurt Vonnegut
ဒေါသထွက်တဲ့အချိန်ရှိတယ်။(see: PRINCIPLE: စိတ်စွမ်းအား စိတ်ခွန်အား ပြည့်ဝနေမှ ဒေါသစိတ်ကို အကောင်းဆုံး အသုံးချနိုင်မယ်။ ကြည်ညိုလေးစားတဲ့အချိန်ရှိတယ်။ ရွှင်မြူးတဲ့အချိန်ရှိတယ်။ နောက်ပြီး ချိုသာ၊နှစ်သက်ဖွယ်ကောင်းပြီး ရက်ရောတဲ့အချိန်လည်းပဲ ရှိပါတယ်။ အမှန်တကယ်ကတော့ အဲ့အချိန်က မကြာခဏပါပဲ။
ဥပမာအားဖြင့်၊ အမေရိကန်နိုင်ငံ၊ ဘရွတ်ကလင်းတွင် ကျင်းပတဲ့ ၂၀၁၁ခုနစ် အပေါင်ဆုံးပစ္စည်းလေလံတင်ပွဲကို ဆန္ဒပြသူတွေဟာ သီချင်းတွေနဲ့ ကရုဏာသက်လောက်အောင် အနှောက်အယှက်ပေးခဲ့ပါတယ်။ သီချင်းဟာ ဒေါသထွက်နေတဲ့အကြောင်းမဟုတ်၊ သွေးထိုးလှုံဆော်တာမဟုတ်။ သီချင်းက ချိုသာ၊ လှပပြီး သနားကြင်နာစဖွယ် - လေလံပစ်သူတွေအတွက်တောင်မှပေါ့။ အဲ့တာကသာ အားကောင်းအောင် ပြုလုပ်ပေးခဲ့တာ၊ ဆန္ဒပြသူတွေဟာ သေချာစဉ်းစားတတ်ပြီး စိတ်ဆုံးဖြတ်ထားကြပြီ။ ရဲတွေ သူတို့ကို ဆွဲထုတ်သွားချိန်တောင်မှ သူတို့ရဲ့ ချိုသာတဲ့သီချင်းကို သီဆိုသွားခဲ့ကြတယ်။
အကြမ်းမဖက်သဘောတရားရဲ့ ပင်မက လူတိုင်းရဲ့ လူသားဆန်မှုကို သိရှိဖို့နဲ့ ချိတ်ဆက် ဆက်သွယ်နိုင်ဖို့ဖြစ်တယ်။
သနားကြင်နားမှုနဲ့ ခင်ဗျားဟာ ဦးဆောင်မယ်ဆိုရင်၊ ဇာတ်လမ်းထဲတွင် သနားကရုဏာသက်စရာကောင်းတဲ့ ဇာတ်ကောင်အဖြစ် ခင်ဗျားကို မြင်တွေ့ကြဖို့ များပါတယ်။(see: PRINCIPLE: Lead with sympathetic characters ခင်ဗျားက ရိုးရိုးသားသား ဝင်ရောက်လာတယ်။ ကိစ္စတွေကို ပိုကောင်းအောင် လုပ်ဖို့ ကြိုးစားနေတယ်။ အပြုံးတွေ၊ လက်ဆောင်တွေနဲ့ သနားကြင်နာတတ်တဲ့ နှလုံးသားတစ်စုံနဲ့ ခင်ဗျားက ဝင်လာတယ်၊ ပြီးတော့ ခဲ့စားချက်မဲ့တဲ့ ကွဲပြားမှု၊ ကဲ့ရဲ့ မှု သို့မဟုတ် မတရားမှုတွေနဲ့ ခင်ဗျား တွေ့မယ်။ လူထုနဲ့ သတင်းမီဒီယာရဲ့ အမြင်မှာ၊ ခင်ဗျားတို့က လူကောင်းတွေပဲ။ ခင်ဗျားတို့က အကျိုးသင့်အကြောင်းသင့်ရှိတဲ့လူတွေ။ ဒါဟာ နည်းဗျူဟာကောင်းတစ်ရပ်တင်သာမကပဲ(see: PRINCIPLE: The real action is your target's reaction တရားမျှတမှုမရှိတဲ့၊ လူသားမဆန်တဲ့ လူအဆောက်အအုံတွေကို ဆန့်ကျင်တဲ့ အခြေခံလူသားဆန်မှုရဲ့ အခိုင်အမာပြုမှုပြောဆိုခြင်းတစ်ရပ်ပါဖြစ်တယ်။
၁၉၆၇ ခုနစ်တုန်းက စစ်သားရဲ့ သေနတ်ပြောင်း၀ထဲ ပန်းတစ်ပွင့်ထိုးထည့်ပေးခဲ့တဲ့ အထင်ကရ ဗီယက်နမ်စစ်ဆန့်ကျင်ရေး ဆန္ဒပြသူအကြောင်းပဲ စဉ်းစားကြည့်ပါဦး။ ဒါမှမဟုတ်လည်း လောလောလတ်လတ်၊ နိုင်ငံရဲ့ ထိပ်သီး ဘဏ်လုပ်ငန်းရှင်တွေနဲ့ အွန်လိုင်း “ စာပေးစာယူ” ချိတ်ဆက်မှုတွေ တည်ဆောက်ခဲ့တဲ့ ဘုတ်အဖွဲ့ကို သိမ်းပိုက်ခြင်း မှ “ ၉၉% သမားများ”အကြောင်း စဉ်းစားကြည့်ပါ။ သူတို့ရဲ့ ရင်တွင်းခံစားချက်အပြည့်နဲ့ ဇာတ်လမ်းတွေ လူကိုယ်တိုင်ပြောပြခြင်းကို လုံခြုံရေးနဲ့ ရပ်တန့်ခြင်းခံရတဲ့အခါ၊ သူတို့ရဲ့ ပေးစာတွေကို စက္ကူလေယာဉ်အဖြစ်ခေါက်ပြီး ရဲတွေရဲ့ ခေါင်းပေါ်ကနေ ဘဏ်ဌာနချုပ်တွေဆီ ပစ်ပေးကြတယ်။တစ်ချို့အတွက်ကျ၊ စက်ဘီးသွားလမ်းမှာ ကားပါကင်ထိုးခဲ့တာဟာ ကားဘီးဖောက်ဖို့ အကြောင်းပြချက်လုံလုံလောက်လောက်ပါပဲ၊ ဒါပေမယ့် စက်ဘီးလမ်းလွတ်မြောက်ရေးလူပြက်များ အဖွဲ့အတွက်တော့ မဟုတ်ဘူး။ သူတို့က အဲ့လိုလုပ်မယ့်အစား ယာဉ်မောင်းတွေဆီ ချဉ်းကပ်ပြီး လမ်းကနေ ဖယ်ပေးဖို့ ကြင်နာစွာ အသနားခံပါတယ်။ နယူးယောက်ယာဉ်စည်းကမ်းတွေကို ချိုးဖောက်ရာရောက်တယ်လို့ ကျန်တဲ့သူတွေကို သတိပေးရင်း၊ သူတို့ဟာ “ ဒါဟာ တကယ့်လက်မှတ်အစစ် ဖြစ်သွားနိုင်တယ် ” ဆိုတဲ့ လက်မှတ်အတုတွေ အပေးခံရပါတယ်။
ချိုချိုသာသာပုံစံလေးကြောင့်၊ တဖက်သားကိုငဲ့ညှာတဲ့အပြုအမူတွေကြောင့် ဒါမှမဟုတ် စက္ကူလေယာဉ်ပျံလေးတွေကြောင့် ကိုယ့်သဘောထားတိုင်းပြောင်းလဲသွားမယ်ဆိုပြီးတွေးမိရင်တော့ နုံလွန်းရာကျသွားပါပြီ။ အကြမ်းမဖက်သဘောတရားရဲ့ ပင်မက လူတိုင်းရဲ့ လူသားဆန်မှုကို သိရှိဖို့နဲ့ ချိတ်ဆက် ဆက်သွယ်နိုင်ဖို့ဖြစ်တယ်။ ခင်ဗျားနဲ့ အတွင်းကျိတ် သဘောထားတူတဲ့ ဗျူရိုကရက်တစ်ယောက်က ဆိတ်ဆိတ်နေဖို့များပြီး တော်လှန်ရေးအတွက် သူ့ရဲ့ အရည်အချင်းတွေကို ငှားရမ်းဖို့များပါတယ်။
စစ်ကိုဆန့်ကျင်တဲ့ အဖွားအိုတစ်ယောက်က ပေးတဲ့ ကိတ်မုန့်ခွက်လေးတွေနဲ့ ကော်ဖီတွေယူထားတဲ့ ရဲတွေဟာ၊ လက်မောင်းချင်းချိတ်တန်းထားတဲ့ ကောလိပ်ကျောင်းသားအုပ်စုကို၊ ငရုတ်ကောင်းမှုန့် စပရေးတွေနဲ့ ဖြန်းခိုင်းတဲ့ အမိန့်ကို ငြင်းဆန့်ဖို့ ပိုပြီး နီးစပ်ပါတယ်။ သီချင်းကြောင့် စိတ်ထိခိုက်သွားတဲ့ အပေါင်ဆုံးလေလံဆွဲသူတွေဟာ၊ နောက်တစ်ခါကျ လေလံတင်တူကို ခပ်ပြင်းပြင်းထုတော့မှာမဟုတ်။ နောက်ပြီး၊ လူထုက ကြင်နာတဲ့လုပ်ရပ်တွေကို မျက်မြင်ထိတွေ့တဲ့အခါ၊ ထိုလုပ်ဆောင်ချက်တွေဆီ သူတို့ဘာသာ ပြောင်းရွှေ့လုပ်ဆောင်လာဖို့ များပါတယ်။ အဲ့တာတွေအားလုံးက တန်ခိုးအာဏာရဲ့ အလုပ်လုပ်ပုံတွေကို သူတို့ဘာသာ မနှောက်ယှက်ပါဘူး ဒါပေမယ့် လူသားအဆင့်တွင်မူ ထိုအရာတွေဟာ အရေးပါလာတယ်။ အချိန်တစ်ခုကြာလာရင် အဲ့တာတွေ စုပေါင်းပြီး လှပသော လူထုဖီဆန်မှုတစ်ရပ်ရဲ့ မျိုးစေ့တွေ စိုက်ပျိုးပြီး မမျှော်လင့်ထားဆုံးနေရာတွေကနေ မဟာမိတ်တွေ ဖန်တီးပေးပါတယ်။
Originally published in Beautiful Trouble.
အပြင်လောက ဥပမာများ

Community members sing to disrupt foreclosure auctions in court in Brooklyn, US.

Peatónito, or Pedestrian Man, fights for the rights of pedestrians in Mexico City.

Organizers from the Occupy movement set up a system where emails from citizens affected by the recession could directly write to banking executives.