အတိုချုံးပြောရရင်
လူသားအားလုံးအတွက် ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးဖြစ်အောင် အတူဝိုင်းဝန်းကြိုးပန်းသည့်အခါ ပျော်ရွှင်စရာကောင်းပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ခံစားမှုကိုရရှိနိုင်ပါသည်။ Adrienne Maree Brown ပြောခဲ့သလို ပျော်ရွှင်မှုဆိုတာ ပေါ့ပေါ့သေးသေး ခံစားချက်တော့ မဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ လွတ်လပ်မှု တစ်မျိုးပါပဲ။
အရမ်းလေးနက်သည့် အရာတိုင်းမှာ ပျော်ရွှင်မှုဆိုတာ မရှိနိုင်တော့ပါ။
— Ruhollah Khomeini
2018 ခုနှစ်တွင် အီရန်နိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးသည် သူမကိုယ်တိုင် ကပြတဲ့ ဗီဒီယိုတွေကို Instagram မှာတင်ခဲ့သည့်အတွက် အာဏာပိုင်များရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပါသည်။ ကိုယ်ကျင့်တရားစံနှုန်းများကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်ဖြင့် အာဏာပိုင်များက သူမရဲ့ Instagram အကောင့်ကို တားမြစ်ခဲ့ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် လူသိရှင်ကြားတောင်းပန်ဖို့ ခိုင်းစေခဲ့ပါသည်။
ဒီလိုမတရားလုပ်ခြင်းကြောင့် #dancingisnotacrime လှုပ်ရှားမှုပေါ်ပေါက်လာပါသည်။ ဒီလှုပ်ရှားမှုတွင် အီရန်နိုင်ငံသားများ ကကွက်မျိုးစုံဖြင့် နေရာအစုံတွင် ကပြထားတဲ့ ဗွီဒီယိုများကို အွန်လိုင်းတွင်တင်ပြီး ဆန္ဒအတူထုတ်ဖော်ကြပါသည်။ အာဏာပိုင်များက အများနှင့်သက်ဆိုင်သောနေရာများတွင် မကရဆိုတဲ့ ဥပဒေကိုထုတ်ထားသော်လည်း အီရန်နိုင်ငံသားများသည် ဗီဒီယိုများကို အွန်လိုင်းတွင် တင်ပြီး ဆက်လက် ဆန္ဒအတူထုတ်ဖော်ကြပါသည်။ (see: TACTIC: ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်း (see: PRINCIPLE: ဆန္ဒပြတာက ဥပဒေနဲ့မညီနေရင် နေ့စဉ်လုပ်ငန်းဆောင်တာများနဲ့ ဆန္ဒပြပါ.
အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည်ဟု စွဲချက်တင်ခံထားရသည့် Belarusian အတိုက်အခံခေါင်းဆောင် Maria Kolesnikova သည် တရားခွင်စတင်ချိန်တွင် ကပြခဲ့ပါသည်။ တစ်ခါတစ်ရံတွင် ဖိနှိပ်မှုကို ရင်ဆိုင်ရသောအခါ သင်သည် ပျော်ပျော်ရွှင်ရွှင်နေရဲဖို့အတွက် သတ္တိရှိရန်သာလိုပါသည်၊၊ အခက်အခဲများကြားတွင် ပျော်ပျော်ရွှင်ရွှင်နေရဲခြင်းသည် အလွန်အစွမ်းထက်သော အားအင်တစ်ခုဖြစ်ပါသည်။
အာဏာရှင်များစွာသည် ပြည်သူလူထုရဲ့ ပျော်ရွှင်မှုကို ကန့်သတ်တားမြစ်ချင်ကြပါသည်။ ပျော်ရွှင်မှုသည် သူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ကို ဖိနှိပ်ချင်သူများ ကောင်းကောင်း နားလည် သဘောပေါက်ကြပါသည်။ ဘာကြောင့်လဲဆိုရင် ပြည်သူများကို ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်သည့် ဘယ်အရာမဆို ထိန်းချုပ်ရန် ခက်ခဲနိုင်ပြီး ဖိနှိပ်ချင်သူများရဲ့ အာဏာကို ပျက်ပြားအောင် ခြိမ်းခြောက်နိုင်သောကြောင့် ဖြစ်ပါသည်။ (see: THEORY: Hamoq and hamas
မတရားမှုကို တိုက်ဖျက်နေသည့်အခါ ကျွန်ုပ်တို့လဲ ပျော်ပျော်ရွှင်ရွှင်နေဖို့လိုတယ်ဆိုတာ မမေ့ဖို့ အရေးကြီးပါသည်။ အားလုံးအတူပျော်ရွှင်စွာ ပါဝင်လို့ရမည့် အခွင့်အလမ်းများကိုဖန်တီးခြင်းဖြင့် စိတ်ခွန်အားအသစ်တွေရအောင် လုပ်ဆောင်ပေးနိုင်ပါသည်။
မိရိုးဖလာကျင်းပသော ပွဲတော်ကြီးများနှင့် ပွဲစျေးတန်းများသည် နှစ်ပေါင်းများစွာ အခြားပျော်ပွဲရွှင်ပွဲများထက် လူကြိုက်ပိုများကြပြီး အရေးပေးမှုခံရသည်။ ယနေ့ကမ္ဘာတစ်ဝှမ်းတွင် LGBTQI+ ယဉ်ကျေးမှုကို လူအများအပြားက ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနေကြပြီး LGBTQI+ အသိုင်းအဝိုင်းကို ကိုယ်စားပြုသည့် သက်တန့်အလံသည် ပျော်ရွှင်ခြင်းနှင့် စိတ်ခွန်အားမြင့်မားခြင်းတို့ကိုပါ ကိုယ်စားပြုနေပြီ ဖြစ်ပါသည်။
ပျော်ရွှင်မှုသည် အသက်ရဲ့ ပင်မသွေးကြော ဖြစ်ပါသည်။ လူတစ်ဦးစီမှ ပျော်ရွှင်မှုကို ဖယ်ရှားလိုက်ခြင်းသည် သူ့ကို လူဖြစ်ရှုံးအောင် ပြုလုပ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါသည်။ ရာစုနှစ်များစွာကြာအောင် ဖိနှိပ်မှုကို ရင်ဆိုင်နေရသော လူများသည် ခက်ခဲကြမ်းတမ်းသော အခြေအနေများကိုဖြတ်သန်းကျော်လွှားနိုင်ရန် ဂီတ၊ အက၊ ဟာသ၊ အနုပညာနှင့် အစားအစာများကို အသုံးပြုခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ပြည်တွင်းစစ်မဖြစ်ပွားမီက စိုက်ခင်းများတွင် ကျွန်ဘဝရောက်ခဲ့ရသည့် အာဖရီကန်-အမေရိကန်များသည် စိတ်ပင်ပန်းမှုများကိုဖြေဖျောက်ပေးနိုင်ပြီး ပျော်စရာကောင်းသည့် အလေ့အထများကို အတူဖန်တီးထိန်းသိမ်းပြီး ခက်ခဲကြမ်းတမ်းသော အခြေအနေများကို အတူဖြတ်သန်းခဲ့ကြပါသည်။ D. Wiggins ကဒီအဖြစ်အပျက်ကို “အထိန်းအကွပ်မရှိဘဲ ပျော်ရွှင်ခဲ့ရတဲ့အခိုက်အတန့်များ” လို့ရေးသားထားပြီး ဒီနည်းလမ်းဖြင့် အာဖရီကန်-အမေရိကန်များသည် ဖိနှိပ်မှုကို ကြံ့ကြံ့ခံနိုင်ပြီး ကျွန်စနစ် ကိုနှစ်ပေါင်းများစွာတွန်းလှန်ခဲ့ကြပါသည်။ ယနေ့တွင် Black Joy သည် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခြင်း၊ လွတ်လပ်မှုနှင့် လူသားဆန်သည့် အမူအကျင့်များကို မြှင့်တင်ပေးခြင်း စသည့် အလေ့အထများအဖြစ် ပြောင်းလဲသွားပါသည်။ Kleaver Cruzရဲ့ Black Joy ပရောဂျက်သည် ဆင်းရဲဒုက္ခများ၊ စိတ်ဒဏ်ရာများနှင့် စိတ်ဖိစီးမှုများကို တွန်းလှန်ရန် လိုအပ်ကြောင်း လှုံ့ဆော်သည့် လုပ်ဆောင်မှုများစွာထဲမှ တစ်ခုဖြစ်သည်။
တက်ကြွလှုပ်ရှားသူများ ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုတစ်ခုမှာ လှုပ်ရှားမှုများသည်ကြာရှည်နိုင်ပြီး တိုးတက်ပြောင်းလဲမှုများ မြင်တွေ့နိုင်ဖို့ နှေးကွေးနိင်ပါသည်။ ဒီလိုအခြေအနေမျိုးတွင် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီး မလုပ်ချင်မကိုင်ချင်တာမျိုး ဖြစ်နိုင်ပါသည်။ သင့်ကိုယ်သင်ရော အခြားသူတွေကိုရော ဂရုမစိုက်နိုင်သည့် အဖြစ်မျိုးကို ကြုံရနိုင်ပါသည် (see: PRINCIPLE: တောက်တဲ့မီး ရဲစေ မီးစာ မကုန်နဲ့။ ပျော်ပျော်ရွှင်ရွှင်နေတတ်အောင် လေ့ကျင့်ယူခြင်းသည် ဆန္ဒပြနေသလို အစဉ်တစ်စိုက် လုပ်နေရန် မလိုအပ်ပါ။ သုတေသနပြုချက်များအရ ပျော်ရွှင်မှုကို အခိုက်အတန့်လေး ခံစားလိုက်ရတာနဲ့တင် စိတ်ဖိစီးမှု သိသိသာသာ လျော့ကျသွားတာကို တွေ့ရှိရပါသည်။ ဒါကြောင့် သင့်ရဲ့ လှုပ်ရှားမှုတွင် ရရှိသည့်အောင်မြင်မှု ဘယ်လောက်သေးငယ်ပါစေ အဖွဲ့သားများနှင့်အတူ အောင်မြင်မှုကို ဆင်နွှဲသင့်ပါသည်။ ပျော်ရွှင်တဲ့အခိုက်အတန့်လေးတွေ ခံစားရသောကြောင့် သင့်ရဲ့ စိတ်နဲ့ခန္ဓာမှာ အားအင်အသစ်တွေ ဖြစ်စေပါသည်။
အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည်ဟု စွဲချက်တင်ခံထားရသည့် Belarusian အတိုက်အခံခေါင်းဆောင် Maria Kolesnikova သည် တရားခွင်စတင်ချိန်တွင် ကပြခဲ့ပါသည်)။ တစ်ခါတစ်ရံတွင် ဖိနှိပ်မှုကို ရင်ဆိုင်ရသောအခါ သင်သည် ပျော်ပျော်ရွှင်ရွှင်နေရဲဖို့အတွက် သတ္တိရှိရန်သာလိုပါသည်၊၊ အခက်အခဲများကြားတွင် ပျော်ပျော်ရွှင်ရွှင်နေရဲခြင်းသည် အလွန်အစွမ်းထက်သော အားအင်တစ်ခုဖြစ်ပါသည်။
အပြင်လောက ဥပမာများ

Two communities in Mexico and the U.S., long separated by a border wall, came together to play on three oversized teeter-totters spanning the border.

Maedeh Hojabri found herself confessing to moral crimes after authorities clamped down on her Instagram account. Her story inspired a viral protest.