သီအိုရီ

ဆင်းရဲမွဲတေမှု

The poor as perceived by white saviours vs. the impoverished as seen by themselves. Photos: Esher; Abahlali baseMjondolo.

အတိုချုံးပြောရရင်

“ဆင်းရဲမွဲတေမှု”ရဲ့ ဗဟိုချက်ဟာ တရားမျှတမှုကို ဘယ်တော့မှ ဆောင်ကျဉ်းမပေးလာနိုင်တဲ့၊ အလှူအတန်း ပရဟိတ ဖွဲ့စည်းပုံဘောင်ပေါ်မှာ မူတည်နေတယ်။ ဆင်းရဲမွဲတေစေတဲ့ ဖြစ်စဉ်ကို ဆန့်ကျင်ဖို့၊ ဆင်းရဲမွဲတေစေမှုကို ဖြစ်စေပြီး အကျိုးအမြတ်ရနေတဲ့သူတွေကို နိုင်ငံရေးအရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်။

ဖိနှိပ်ခံရသူတွေအပြင် ဖိနှိပ်နေတဲ့သူတွေကိုပါ ဖိနှိပ်မှုတွေအောက်ကနေ လွတ်မြောက်အောင် ဆောင်ရွက်တာက ဖိနှိပ်ခံရသူတွေရဲ့ လူသားဆန်ပြီး သမိုင်းတွင်စေမဲ့ လုပ်ဆောင်မှုတစ်ရပ်ပါပဲ။ ဖိနှိပ်၊ ကိုယ်ကျိုးထုတ်အမြတ်ရှာ၊ အခွင့်အာဏာကို အသုံးချပြီး အဓမ္မလုယူတဲ့ ဖိနှိပ်သူတွေဟာ၊ သူတို့ကိုယ်တိုင်ရော ဒါမှမဟုတ် အဖိနှိပ်ခံတွေရော လွတ်မြောက်နိုင်စေမယ့် ခွန်အားမျိုးကို အခွင့်အာဏာထဲမှာ ရှာမတွေ့နိုင်ဘူး။ အဖိနှိပ်ခံတွေရဲ့ အားနည်းချက်က ရုန်ကြွထွက်လာတဲ့ ပါဝါစွမ်အားကပဲ နှစ်ဦးနှစ်ဖက်လုံး လွတ်မြောက်ဖို့အတွက် ခွန်အားအင်အား လုံလုံလောက်လာက် ရှိတာပဲ။ အဖိနှိပ်ခံတွေရဲ့ အားနည်းချက်ကို ထောက်ထားပြီး၊ ဖိနှိပ်သူတွေရဲ့ ပါဝါအာဏာကို ပျော့ပျောင်းအောင် ကြိုးပန်တာဟာ မှားယွင်းတဲ့ စေတနာပဲ။ အဲဒီလို ကြိုးပမ်းမှုဟာ အဲဒီကနေ ဘယ်ကိုမှ မရောက်ဘူး။ သူတို့ရဲ့ “ရက်ရောမှု” ကို ဖော်ပြဖို့၊ အခွင့်အရေး စဉ်ဆက်မပြတ်ရနိုင်ဖို့ ဖိနှိပ်သူတွေဟာ မတရားမှုကိုလည်းပဲ ကျူးလွန်ရမှာဖြစ်တယ်။ ဒီစေတနာရဲ့ ထာ၀ရရင်းမြစ်ဟာ မတရားတဲ့ လူမှုအဆောက်အအုံပဲ။ မှားယွင်းတဲ့ စေတနာအတွက် ငွေထုတ်ပေးသူတွေဟာ၊ အဲဒီအဲဒီအရင်းအမြစ်ကို နည်းနည်းလေး ထိပါးရင်တောင်၊ ရမ်းကားကြမ်းတမ်းလာတတ်ကြတယ်။

စေတနာ အစစ်မှာတော့ စေတနာ အမှားတွေက ပေးတဲ့ မကောင်းတဲ့ အရာတွေကို ဖျက်စီးနိုင်တဲ့ အစွမ်းတွေ ပါတယ်။ မမှန်ကန်တဲ့ ပေးကမ်းစွန့်ကြဲမှု့တွေမှာ အပယ်ခံဘဝတွေအတွက် တုန်ရီတဲ့ လက်တွေကို ဆန့်တန်းတောင်းခံဖို့ ကြောက်ရွံစရာ အကြောင်းတွေ ပါနေတယ်။ စေတနာမှန်ကတော့ အကူအညီ တောင်းခံနေတဲ့လက်တွေကို တဖြည်းဖြည်း လျှော့နည်းသွားစေနိုင်တယ်။ ကမ္ဘာကြီးက ပြောင်းလဲဖို့အထိ အလုပ်တွေ ပိုပိုလုပ်လာနိုင်တဲ့ လက်တွေ အဖြစ်ပြောင်းလဲပစ်နိုင်တယ်။ အဲဒီလက်တွေဟာ လူတဦးစီရဲ့ လက်တွေလည်း ဖြစ်နိုင်သလို လူအားလုံးရဲ့လက်တွေလည်း ဖြစ်နိုင်တယ်။

— Paulo Freire, အဖိနှိပ်ခံများရဲ့ သင်ကြားမှုနည်းပညာ

အစများ

Paulo Freire, Pedagogy of the Oppressed

"ကယ်တင်ခြင်း"ကို လိုအပ်တဲ့သူတွေ ရှိနေမှပဲ ကယ်တင်တဲ့လူတွေ ဖြစ်တည်နေနိုင်မှာ မဟုတ်လား။ တနည်းပြောရရင် ကယ်တင်သူတွေမှာ ဒုက္ခသည်တွေ (Victim) လိုအပ်တယ်။ Victimization ဆိုတာ တခြားလူသားကို ဒုက္ခဖြစ်အောင်၊ ဒုက္ခသည်အဖြစ်ရောက်အောင် လုပ်တဲ့ ဖြစ်စဉ်တခုပဲ။ သဘာဝအားဖြင့် လူဖြူကယ်တင်ရှင် ရောဂါဟာ အာဖရိကန် လူမဲတွေကို Victimization ဒုက္ခသည်ဖြစ်စေခြင်းကနေ အခြေခံလာတာပဲ။ ဒီလိုနဲပဲ အာဖရိကအကြောင်း မဟုတ်တရုပ်တွေ ရေးသားပုံဖော်တာတွေဟာ အနောက်တိုင်းသားတွေအတွက် သာမန်ကိစ္စလောက် ဖြစ်လာတော့တာပဲ။

"သူတို့တွေကို ဖရိုဖရဲနိုင်တယ်၊ စနစ်မရှိဘူး။ ရှေးရိုးဆန်တယ်၊ ခေတ်မမှီဘူး။ လူမျိုးစွဲကြီးတယ် ဒီမိုကရေစီမဆန်ဘူး။ စာရိတ္တပျက်တယ် မရိုးသားဘူး။ နိမ့်ပါးတယ်၊ မတိုးတက်ဘူး။ ယုတ္တိမဲ့တယ် ကျိုးကြောင်းဆီလျော်မှု မရှိဘူးပေါ့လေ။ အနောက်တိုင်းမှာ ရှိသင့်တယ်လို့ ထင်တဲ့ အရာတွေ အားလုံးမရှိဘူးလို့ ယူဆကြတယ်။ လူဖြူ အနောက်နိုင်ငံသားတွေကို ယနေ့အထိ ‘ခေတ်မီလူမှုအဖွဲ့အစည်း’ကို သယ်ဆောင်လာသူတွေအဖြစ် သက်မှတ်ထားကြသေးတယ်။ တိုးတက်မှုရဲ့ ပွဲစားတွေနဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပေါ့လေ။ တချိန်တည်းမှာပဲ လူမည်းတွေရယ်၊ ကိုလိုနီ လက်အောက်ခံ ဖြစ်ခဲ့ဖူးတဲ့လူတွေကို ခေတ်မမီတဲ့၊ ဉာဏ်အလင်း မပွင့်သေးတဲ့ လူတွေ၊ တိုးတတ်ဖို့အတွက် သက်သက် လူဖြစ်လာကြတဲ့ လူတွေလို့ကို သက်မှတ်ခံထားရသေးတယ်။

ကိုယ်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်ထားနိုင်တဲ့နေရာမှာ ကယ်တင်ရှင်တွေ မလိုအပ်ဘူး။

“The missionary position: NGOs and development in Africa”.

သိုပေမဲ့ အာဖရိက ပုံရိပ် တည်မြဲစေဖို့ အာဖရိကန် ဒေသတွေ၊ အာဖရိကန် အန်ဂျီအိုတွေဟာ ကိုယ့်ပုံစံနဲ့ကိုယ် အကြမ်းဖက်မှုတွေကို ဆက်ပြီး လုပ်သွားဖို့ လိုအပ်တယ်။ ကိုယ်ပိုင်တန်ဖိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ၊ ဂုဏ်သိက္ခာ ပေါ်ပေါက်လာတာတွေကို ဖျက်စီးတဲ့ အကြမ်းဖက်မှုတွေ လိုအပ်တယ်။ ဥပမာအားဖြင့် Burkina Fasoနိုင်ငံမှာ Thomas Sankara ဦးဆောင်တဲ့ ခဏတာတော်လှန်ရေးကနေ ရရှိခဲ့သော အောင်မြင်မှုမျိုး။ အုပ်ချုပ်သူအသစ်တွေဟာ ဒေသကို မတရားသိမ်းယူပြီး ကိုယ်ပိုင်ပစ္စည်းလို အသုံးပြုတဲ့ အခါမှာလည်း ဒီလို အကြမ်းဖက်မှုမျိုး လိုအပ်တယ်။ (see: THEORY: Neoliberalism

လူဖြူ ကယ်တင်ရှင် အုပ်စုတွေရဲ့ အကူအညီကို မှီခိုပြီး ဆက်လက်ရပ်တည်နေရတဲ့ ဒေသခံ အန်ဂျီအိုအဖွဲတွေဟာ လက်အောက်ခံ၊ မတတ်မစွမ်း၊ ရှေးရိုးကျ၊ အာဖရိကန်၊ ကယ်တင်ဖို့ လိုအပ်တဲ့ ဒုက္ခသည်အဖြစ် ဟန်ဆောင်ကြရတယ်။ ဒါဟာ ကျူးလွန်မှုတခုပဲ။ ကျူးလွန်ကြတဲ့ထဲမှာ အာဖရိကန် အန်ဂျီအိုတွေ၊ အာဖရိကန် ခေါင်းဆောင်တွေပါ ပါတာပေါ့၊ သူတိုတွေဟာ အာဖရိကန် ဖြစ်နေလို့ ကိုယ့်ကိုကိုယ်မုန်းတယ်။ စာရေးဆရာ Fanon ရေးသားထားတဲ့ “Black skins, White Masks" စာအုပ် (အသားမဲမဲ၊ မျက်နှာဖုံးအဖြူ) ရဲ့ ခေတ်သစ် ပြကွက်တခု ဖြစ်ပြီး အင်မတန် နာကျင်စရာကောင်းတယ်။ ဒီအဖြစ်ဟာ သိပ်ကို မကြာခဏဆိုသလို အသိအမှတ် ပြုမခံရတဲ့ အကြမ်းဖက်မှု့ ပုံစံတခုပဲ။

ကိုယ်ကံကြမ္မာကို ကိုယ် ပြန်ရယူထားနိုင်တဲ့နေရာ၊ ကိုယ်ဂုဏ်သိက္ခာနဲ့ လူသားဖြစ်မှုကို ခိုင်မာအောင် ပြဌာန်ထားနိုင်တဲ့နေရာ၊ ကိုယ်တိုင် စိတ်ပိုင်းဖြတ်နိုင်အောင် ဖွဲ့စည်းတည်ဆောက်ထားနဲ့ နေရာ၊ အခြေခံလိုအပ်ချက်တွေ ရရှိအောင် ဖွဲ့စည်းထားတဲ့နေရာ၊ စုပေါင်းဆုံးဖြတ်ချက်နဲ့ ရပ်တည်တဲ့နေရာ၊ ကိုယ်ပိုင်ယဉ်ကျေးမှုကို ဂုဏ်ယူတဲ့နေရာ နောက်ပြီး အလှူတွေ၊ ကရုဏာသက်မှုတွေ၊ အကူအညီတွေကို တောင်းတ မရှာဖွေနေတဲ့ နေရာတွေမှာ ကယ်တင်ဆောင်မမယ်ဆိုတဲ့ လူတွေရဲ့ အလုပ်တွေဟာ အောင်မြင်စရာ အကြောင်း မရှိဘူး။

ဆင်းရဲမွဲတေမှု ဖြစ်စဉ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဆင်းရဲမွဲတေမှုကို ဖြစ်စေတဲ့၊ ဆင်းရဲမွဲတေမှုကနေ အကျိုးအမြတ်တွေ ရနေတဲ့သူတွေကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု လိုအပ်တယ်။ ဒီလိုလုပ်မယ်ဆိုရင် တက်ကြွလှုပ်ရှားသူတွေဟာ စည်းလုံးညီညွတ်အောင်၊ ပေါ်ပြူလာဖြစ်အောင် လှုပ်ရှားဖို့ လိုအပ်တယ်။ ကိုယ်ပိုင်လှုပ်ရှားမှုတွေနဲ့ ဆင်းရဲမွဲတေမှုကနေ ခေါင်းပုံဖြတ် အမြတ်ကြီးစားနေတဲ့ လူတွေ၊ ကော်ပရေးရှင်းတွေကို တိုက်ခိုက်ဖို့ စိတ်အားထက်သန်မှုတွေက တဆင့် တရားမျှတကို ရှာဖို့ ကြိုးစားမှုတွေ လိုတယ်။

အပြင်လောက ဥပမာများ

U2 Frontman Chased Down Street by German Anarchists Shouting 'Make Bono History'

“Singer said in the same 'great' week he was booed at the TED conference in Arusha, Tanzania.”

‘Make Affluence History’ Campaign

“We rarely connect our wealth and the poverty of others. To make poverty history, we need to Make Affluence History.”

ပိုမိုလေ့လာရန်

Towards Delivery and Dignity: Community Struggle from Kennedy Road
J. Bryant, Journal of Asian and African Studies, 43(1), 2008
A Short Course in Politics at the University of Abahlali baseMjondolo
Raj Patel, Journal of Asian and African Studies, 43(1), 2008
Thinking Resistance in the Shanty Town
Richard Pithouse, Mute: Culture and Politics After the Net, 2006