အခြေခံမူ

အောင်ပွဲအတွက်လေ့ကျင့်ခြင်း

Beautiful Trouble ၏ အဖွဲ့ဝင်ဖြစ်သော Phionah Kyokusiima သည် အရပ်ဘက်တော်လှန်ရေးတွင်ပါဝင်သော လူထုအား လေ့ကျင့်ပေးနေပုံ (ဓာတ်ပုံ - Phionah Kyokusiima)

အတိုချုံးပြောရရင်

လေ့ကျင့်ရေးများလုပ်ရသောကြောင့် အပြင်တွင် လက်တွေ့ရင်ဆိုင်နေရသည့် အခက်အခဲများအပေါ် အာရုံစူးစိုက်မှုလျော့သွားစေနိုင်သည်ဟု မမြင်သင့်ပါ။ လူမှုရေးလှုပ်ရှားမှု တစ်ခု အောင်မြင်နိုင်ရန်အတွက် အရေးကြီးသော အချက်(၃)ချက်ကို လေ့ကျင့်ရေးများလုပ်ခြင်း၏ အကျိုးရလဒ်အနေဖြင့် ရရှိနိုင်ပါသည်။ ဤအချက်(၃)ချက်မှာ စည်းလုံးညီညွတ်မှုအားကောင်းခြင်း၊ နည်းဗျူဟာရေးဆွဲနိုင်ခြင်းနှင့် အကြမ်းမဖက်သောမူကို လိုက်နာခြင်းတို့ဖြစ်ပါသည်။

In times of change, the learners will inherit the earth, while the knowers will find themselves beautifully equipped to deal with a world that no longer exists.

— Eric Hoffer

အတိုချုပ်ရေးသားချက် - လူတစ်ချို့က တက်ကြွလှုပ်ရှားသူတစ်ဦး သို့မဟုတ် စည်းရုံးရေးမှူးတစ်ဦးဖြစ်လာပြီဆိုရင် လေ့ကျင့်ရေးမလုပ်ချင်ဘဲ လေ့ကျင့်ရေးလုပ်ခြင်းသည် အမှန်တကယ်အရေးကြီးသော အလုပ်ကိုမလုပ်ဘဲ အရေးမကြီးသောအလုပ်တွေနှင့်ဘဲ အချိန်ကုန်နေသည်ဟု ထင်ကြပါသည်။ လက်တွေ့အခြေအနေတွင် စစ်မှန်သောပြောင်းလဲမှုကိုရရှိနိုင်ရန် လူမှုလှုပ်ရှားမှုတစ်ခုတွင်ပါဝင်ပတ်သက်နေသူများသည် လေ့ကျင့်ရေးကို အစဉ်မပြတ်လုပ်နေရန်အတွက် အရေးကြီးပါသည်။ လေ့ကျင့်ရေးလုပ်ခြင်းသည် လှုပ်ရှားမှုအောင်မြင်ရန်အတွက် အဓိကကျသော ဗျူဟာသုံးရပ်ကို ဖော်ဆောင်ရာတွင် အထူးအသုံးဝင်ပါသည်။ ၎င်းတို့မှာ အကြမ်းမဖက်သော မူကိုလိုက်နာခြင်း၊အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုအားကောင်းခြင်းနှင့် အစီအစဉ်ရေးဆွဲသောအခါ အဖွဲ့သားများ တက်တက်ကြွကြွပါဝင်ခြင်းတို့ ဖြစ်ပါသည်။

လေ့ကျင့်ရေးလုပ်ခြင်းကြောင့် ရေရှည်တွင် ကောင်းမွန်သောတိုးတက်ပြောင်းလဲမှုများ ရရှိနိုင်ပါသည်။ အရေးကြီးသောဆုံးဖြတ်ချက်များ အဖွဲ့နှင့်အတူတူတွဲလုပ်သောအခါ၊ အုပ်ချုပ်ရေးပုံစံသစ်များစတင်အသုံးပြုရန်ပြင်ဆင်သောအခါ လေ့ကျင့်ရေးလုပ်ခြင်းဖြင့် အစမ်းလေ့ကျင့်ချိန်ရရှိနိုင်ပါသည်။ အဖွဲ့သားများ၏တစ်ကိုယ်ရည်တိုးတက်မှုနှင့် ဖိနှိပ်မှုဆန့်ကျင်ရေးဆိုင်ရာ အသိအမြင်များကိုလည်းတိုးပွားအောင် ပံ့ပိုးပေးနိုင်ပါသည်။

လူမှုရေးလှုပ်ရှားမှုဆိုင်ရာလေ့ကျင့်ရေးအစီအစဉ်များတွင် ပုံစံမျိုးစုံ၊ activity မျိုးစုံ ပါဝင်နိုင်ပါသည်။

နိုင်ငံရေးဆိုင်ရာပညာပေးအစီအစဉ်များ၊ မဟာဗျူဟာ ရေးဆွဲခြင်း၊ မဟာဗျူဟာကို ခွဲခြမ်းစိတ်ဖြာပြီးလေ့လာခြင်းနှင့် သီအိုရီပိုင်းဆိုင်ရာ သုတေသနပြုလုပ်ခြင်း စသည်တို့ ပါဝင်နိုင်ပါသည်။ အဖွဲ့သားများ၏အရည်အချင်းကို မြှင့်တင်ပေးနိုင်သော အစီအစဉ်များလည်း ပါဝင်နိုင်ပါသည်။ ၎င်းတို့တွင် အကြမ်းမဖက်မှုဆိုင်ရာလေ့ကျင့်ရေးအစီအစဉ်များ၊ ခေါင်းဆောင်မှုနှင့် အဖွဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ activityများ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်များ၊ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ၊ ဖိနှိပ်မှုဆန့်ကျင်ရေးပညာပေးအစီအစဉ်များ၊၊ မီဒီယာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ ဆေးဘက်ဆိုင်ရာသင်တန်းများ၊ လှေမောင်း သို့မဟုတ် တောင်တက်သင်တန်းများပင်ပါဝင်နိုင်ပါသည်။

ဥပမာအားဖြင့် လေ့ကျင့်မှုတစ်ခုဆိုသည်မှာ ကျောက်မီးသွေးတွင်းတစ်ခုတွင် ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းမခံရခင် လူအယောက် (၃၀၀) အတွက် (၄၅) မိနစ်စာလောက် ကြိုတိုင်ပင်ပြီး အစီအစဉ်ချပေးခြင်းမျိုး သို့မဟုတ် NGO conference တစ်ခုတွင် လူခြောက်ဦးဖြင့် ကမ်ပိန်းအသစ်တစ်ခုအတွက် ရက်အနည်းငယ်ကြာအောင် မဟာဗျူဟာရေးဆွဲခြင်းမျိုး ဖြစ်ပါသည်။

အပြုသဘောဆောင်သောပြောင်းလဲမှုများကို အကောင်အထည်ဖော်ချင်သော ကမ်ပိန်းများအတွက် အကောင်းဆုံး လေ့ကျင့်မှုများသည် ပုံမှန်အားဖြင့်လက်တွေ့အတွေ့အကြုံကောင်းများ ပေးစွမ်းနိုင်သော

လေ့ကျင့်ရေး အစီအစဉ်များဘဲဖြစ်ပါသည်။

ဤတွင် Paulo Freire ရဲ့ Popular Education မူဘောင်ကိုအတုယူစရာကောင်းသော မူဘောင်တစ်ခုအနေနှင့် မကြာခဏ ကိုးကားလေ့ရှိပါသည်။ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မည်ဆိုပါက လက်တွေ့အတွေ့အကြုံရနိုင်ပြီး အားလုံးပါဝင်ပူးပေါင်းနိုင်သော လေ့ကျင့်ရေး အစီအစဉ်များသည် အပြုသဘောဆောင်သောပြောင်းလဲမှုများကို အကောင်အထည်ဖော်ချင်သော ကမ်ပိန်းများအတွက် သီအိုရီပိုင်းတွင်ရော လက်တွေ့ပိုင်းတွင်ပါ အထောက်အကူအများကြီး ပေးနိုင်ပါသည်။ အဓိကကျသော အောင်ပွဲများရရှိရန် အဖွဲ့၏စွမ်းရည်များကို မြင့်မားအောင် ကူညီပေးပါသည်။

အပြင်လောက ဥပမာများ

Education and Training in Nonviolent Resistance

This United States Institute of Peace report highlights strategic functions and outcomes of training in global nonviolent civil resistance movements.

Filipinos campaign to overthrow dictator (People Power), 1983-1986

In the uprising against Philippine president Ferdinand Marcos, nonviolent action education served as a key middle-class mobilization tool.

Seabrook—Wyhl—Marckolsheim: Transnational Links in a Chain of Campaigns

Nonviolent direct action training and education was key to the tactical occupation of proposed nuclear power plant sites in the US and Germany.

ပိုမိုလေ့လာရန်

A Guide to Effective Nonviolent Struggle
Srdja Popovic, Ivan Marovic, and others from the Center for Applied Nonviolent Action and Strategies, 2007
The Beautiful Trouble Study Guide
Beautiful Trouble, 2016
The People Power Manual
The Change Agency, 2015
The Mobilisation Cookbook: A Greenpeace guide to cooking up people-powered campaigns
The MobLab — Mobilisation Lab for Greenpeace and its Allies, 2015