အခြေခံမူ

မီဒီယာရဲ့အလုပ်ကို ဝင်ကူပြီးလုပ်ပေးပါ

အတိုချုံးပြောရရင်

သင့်လှုပ်ရှားမှုမှတစ်ဆင့် ဖြေရှင်းချင်သည့်ပြဿနာများနှင့် သက်ဆိုင်သည့်အချက်အလက်များနှင့် ဗွီဒီယိုဖိုင်များကို သတင်းသမားများအား မျှဝေပေးခြင်းဖြင့် သင့်ရဲ့ လှုပ်ရှားမှုအကြောင်း သတင်းဆောင်းပါးရေးရန် စည်းရုံးနိုင်ပါသည်။ ဒီလိုလုပ်ခြင်းဖြင့် သတင်းသမားများ၏ အလုပ်တစ်ချို့တစ်ဝက်ကို ကူလုပ်ပေးရာရောက်ပြီး သတင်းကို မိမိရေးစေချင်သည့်အတိုင်း ရေးအောင်လည်း တိုက်တွန်းရာရောက်ပါသည်။

မီဒီယာကိုမမုန်းပါနဲ့၊ မီဒီယာအတိုင်းကျင့်ကြံပါ။

— Jello Biafra

သတင်းသမားများကို သင့်ရဲ့လှုပ်ရှားမှုအကြောင်း သတင်းဆောင်းပါးရေးစေချင်တယ်ဆိုရင် သူတို့စိတ်ဝင်စားမယ့် သတင်းတစ်ပုဒ် ဖန်တီးပေးဖို့လိုပါသည်။ မိမိပြောချင်တဲ့ အဓိကအကြောင်းအရင်းသည် ရှင်းလင်းနေဖို့လိုပြီး စာဖတ်သူတွေစိတ်ဝင်စားသည့် အကြောင်းအရာဖြစ်ဖို့လိုပါသည်။ စာဖတ်သူတွေရဲ့အာရုံကို ဖမ်းစားနိုင်မည့် သတင်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေလည်း ထည့်ပေးရန်လိုအပ်ပါသည်။ သတင်းထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ မထင်မှတ်တဲ့ အလှည့်အပြောင်းလည်း ရှိနေသင့်ပြီး ဖြစ်နိုင်ရင် ရယ်စရာကောင်းသော အဖြစ်အပျက်ပါ သတင်းထဲတွင် ပါသင့်ပါသည်။ အခုလိုလုပ်ခြင်းဖြင့် သတင်းသမားများသည် ဒီသတင်းဆောင်းပါးကိုရေးဖို့အတွက် သူ့ရဲ့အယ်ဒီတာဆီမှ ခွင့်ပြုချက်တောင်းသည့်အခါ အထောက်အကူအများကြီးဖြစ်စေပါသည်။

ဆန္ဒထုတ်ဖော်သည့်အချိန်တွင် မိမိပြောချင်တဲ့ အချက်အလက်အကုန်လုံးကို ပြောဖို့အတွက် အချိန်မရလိုက်ရင် စိတ်မပူပါနဲ့။ ဆန္ဒပြပွဲနဲ့အတူ သတင်းစာရှင်းလင်းပွဲတစ်ခုကို သက်သက်ပြုလုပ်နိုင်ပါသည်။ အရေးကြီးသည်မှာ ပြည်သူများရဲ့အာရုံကို ဖမ်းစားနိုင်တဲ့ တီထွင်ဆန်းသစ်မှုရှိသည့် ဆန္ဒပြနည်းတွေ လှုပ်ရှားမှုမှာ ပါဝင်ဖို့ဘဲဖြစ်ပါသည်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ဆန္ဒပြနည်းတွေကိုသုံးခြင်းဖြင့် သတင်းသမားတွေကလည်း သင့်ရဲ့လှုပ်ရှားမှုအကြောင်းကို သတင်းယူချင်ကြမှာပဲ ဖြစ်ပါသည်။ ဒီလိုလုပ်ခြင်းဖြင့် ပြည်သူလူထုကလည်း သင့်ရဲ့လှုပ်ရှားမှုကို အလိုလိုစိတ်ဝင်စားလာကြမှာဖြစ်ပါသည်။

သတင်းသမားများကို သင့်ရဲ့လှုပ်ရှားမှုအကြောင်း သတင်းဆောင်းပါးရေးစေချင်တယ်ဆိုရင် သူတို့စိတ်ဝင်စားမယ့် သတင်းတစ်ပုဒ် ဖန်တီးပေးဖို့လိုပါသည်။ မိမိပြောချင်တဲ့ အဓိကအကြောင်းအရင်းသည် ရှင်းလင်းနေဖို့လိုပြီး စာဖတ်သူတွေစိတ်ဝင်စားသည့် အကြောင်းအရာဖြစ်ဖို့လိုပါသည်။ စာဖတ်သူတွေရဲ့အာရုံကို ဖမ်းစားနိုင်မည့် သတင်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေလည်း ထည့်ပေးရန်လိုအပ်ပါသည်။ သတင်းထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ မထင်မှတ်တဲ့ အလှည့်အပြောင်းလည်း ရှိနေသင့်ပြီး ဖြစ်နိုင်ရင် ရယ်စရာကောင်းသော အဖြစ်အပျက်ပါ သတင်းထဲတွင် ပါသင့်ပါသည်။

Yes Man အဖွဲ့သည် နောက်ပြောင်သည့်ပုံစံဖြင့် Chamber of Commerce အယောင်ဆောင်ပြီး ရာသီဥတုအပြောင်းအလဲဆိုင်ရာ ဥပဒေများကို ပံ့ပိုးနေကြောင်း လူသိရှင်ကြားကြေညာလိုက်သည်။ ပြီးနောက် Dow Company မှ Bhopal အတွက် တာဝန်ယူမယ်ဆိုပြီး ထပ်မံကြေညာလိုက်ပါသည်။ (see: STORY: Dow Chemical Apologizes for Bhopal ကိုလေ့လာရန်) General Electric Company မှလဲ အကောက်ခွန်မှလွတ်ငြိမ်းချမ်းသာခွင့်ရသည့် အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံကို မယူပဲ ပြန်ပေးမယ်ဆိုပြီး လူသိရှင်ကြားထပ်ကြေညာပါသည်။ Yes Man အဖွဲ့သည် ဒီလိုဟာသညဏ်ရွှင်တဲ့ ဆန္ဒပြနည်းတွေကိုသုံးပြီး ငြင်းလို့မရတဲ့အဖြစ်မှန်တွေကို မီးမောင်းထိုးပြခဲ့ပါသည်။ The Chamber of Commerce ကို ရာသီဥတုအပြောင်းအလဲဆိုင်ရာ ဥပဒေများကို ပံ့ပိုးသင့်ပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေပါသည်။ Dow Company လဲ Bhopal နဲ့ပတ်သက်ပြီး တာဝန်အပြည့်အဝယူဖို့လိုနေပြီဆိုတာကို မီးမောင်းထိုးပြနေပါသည်။ ဒါ့အပြင် General Electric Company လဲပေးဆောင်ရမယ့် အကောက်ခွန်များကို ပြည့်ပြည့်ဝဝပေးဆောင်ရန် လိုနေကြောင်းကို မီးမောင်းထိုးပြနေပါသည်။ သတင်းသမားများသည် ဒီအဖြစ်အပျက်တွေကိုနားလည်သဘောပေါက်ပြီး သတင်းဆောင်းပါးရေးချင်ကြသော်လည်း သတင်းရေးဖို့ အခက်အခဲတွေ ရှိနေကြပါသည်။ အခုလိုဟာသညဏ်ရွှင်တဲ့ ဆန္ဒပြနည်းတွေကိုသုံးလိုက်ခြင်းဖြင့် သတင်းသမားများအတွက် ရေးဖို့အတွက် သတင်းတစ်ပုဒ်ရသွားပါသည်။

သတင်းထောက်တွေရဲ့ အလုပ်ကို အတတ်နိုင်ဆုံး ရိုးရှင်းအောင် ကူညီ၍ လုပ်ဆောင်ပေးပါ။ သတင်းယူနိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ပံ့ပိုးပေးပါ။ ဥပမာ - လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ အကျဉ်းချုံး statement တွေမျှဝေပေးခြင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ လိုအပ်တဲ့အချက်အလက်များ၊ ကိန်းဂဏန်းများကို မျှဝေပေးခြင်းများလုပ်ရန် လိုအပ်ပါသည်။

ဆန္ဒထုတ်ဖော်ချိန်တွင် မိမိကိုယ်တိုင်ဦးဆောင်မှတ်တမ်းတင်ထားပြီး မှတ်တမ်းများကို အများပြည်သူဆီရောက်အောင် မျှဝေပေးနိုင်ဖို့ အရေးကြီးပါသည်။ Newt Gingrich ရဲ့ Glitter Bombing Movement တွင် ဆန္ဒပြနေစဉ်အတွင်း ဗွီဒီယိုမရိုက်ထားပါက လူသိများတဲ့ လှုပ်ရှားမှုတစ်ခု မဖြစ်သွားနိုင်ပါ။ (see: TACTIC: ထိုးထွင်းတီထွင်တတ်သော နှောက်ယှက်မှု ကိုကြည့်ရန်) Brad Newsham ကလဲ Human banner လှုပ်ရှားမှုကို ဦးဆောင်နေချိန်တွင် helicopter တစ်စီးကိုငှားပြီး မိုးပေါ်ကနေ လှုပ်ရှားမှုကို ဓာတ်ပုံရိုက်ပြီး လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကို မီဒီယာတွေကို မျှဝေခဲ့ပါသည်။

လှုပ်ရှားမှုမှာ ပုန်းလျှိုးကွယ်လျှိုး ဆန္ဒပြနည်းများပါဝင်တယ်ဆိုရင် သတင်းဓာတ်ပုံရယူရန်အတွက် ကိုယ့်ဟာကိုအစီအစဉ်ကြိုဆွဲထားဖို့ လိုပါသည်။ ပျောက်ကြားသပိတ်များလုပ်မည်ဆိုပါက ထိုသပိတ်များတွင် ပါဝင်မယ့်သူတွေကိုသာ ဘယ်အချိန် ဘယ်နေရာမှာ လုပ်မယ်ဆိုတာကို ကြိုအသိပေးနိုင်ပါသည်။ ဒါ့ကြောင့် ဓာတ်ပုံဆရာများ၊ ဗွီဒီယိုသတင်းသမားများနှင့် ကြိုတင်ပူးပေါင်းဆောင်ရွက်ပြီး အစီအစဉ်ကိုလည်း သူတို့ကို ကြိုပြောထားရန် လိုပါသည်။ ဓာတ်ပုံနဲ့ဗွီဒီယိုများ ရိုက်ပြီးသည့်အခါတွင်လည်း YouTube သို့မဟုတ် Flickr တို့ပေါ်မှာ ဒီမှတ်တမ်းတွေကို တင်ပြီး ဒီအတိုင်းထားလိုက်လို့မရပါ။ ဒီမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံနဲ့ဗွီဒီယိုများကို မီဒီယာတွေဆီရောက်အောင် ဘယ်လိုပို့မလဲဆိုတာကို အစီအစဉ်ဆွဲထားရန် လိုပါသည်။ Agit-Pop က သူ့ရဲ့ musical ပျောက်ကြားလှုပ်ရှားမှုကို စီစဉ်သည့်အခါတွင် ဗွီဒီယို တည်းဖြတ်မှုကို ချက်ချင်းလုပ်လိုက်နိုင်သည့်အတွက် ဆန္ဒပြသည့်နေ့မှာပင် မီဒီယာများဆီကို အရောက်ပို့နိုင်ခဲ့ပါသည်။ (see: STORY: Public Option Annie ကိုကြည့်ရန်) Media channel များဖြစ်သည့် MSNBC၊ CNN နဲ့ Comedy Central တို့တွင် musical ပျောက်ကြားလှုပ်ရှားမှုမှ ဗွီဒီယိုမှတ်တမ်းများကို ပြသခဲ့ပါသည်။

မူရင်းထုတ်ဝေသူ Beautiful Trouble

အပြင်လောက ဥပမာများ

Journal of Marketing

A 2024 Journal of Marketing study finds republicans respond to political polarization by spreading misinformation; democrats don't.

ပိုမိုလေ့လာရန်