နည်းဗျူဟာ

ကိုယ်ပျောက်ပြဇာတ်

A woman pretends she is a jilted bride during an invisible theatre scene staged by BIT Haiti. Photo: BIT Haiti

အတိုချုံးပြောရရင်

လက်တွေ့ကျကျမြင်ကွင်းပုံစံ အများပြည်သူကြား သရုပ်ဆောင်ခြင်းမျိုး။ ဆိုကြပါစို့၊ လိင်တူစုံတွဲတစ်တွဲကို စားသောက်ဆိုင်တစ်ဆိုင်မှာ ခွဲခြားဆက်ဆံတာမျိုးလို၊ စာရိတ္တပိုင်းဆိုင်ရာ ဝေခွဲဆုံးဖြတ်ရခက်တဲ့ အခြေအနေနဲ့၊ သရုပ်ဆောင်နေမှန်းမသိပဲ ဘေးကရပ်ကြည့်နေတဲ့သူတွေကို ထိတွေ့ပေးလိုက်တယ်။

ခင်ဗျားက စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားနေတယ်။ အဲ့အချိန်၊ ခင်ဗျားနားမှာ ညစာစားနေတဲ့ လိင်တူစုံတွဲတစ်တွဲနဲ့ သူတို့ကလေးနှစ်ယောက်ကို လိင်တူရွံမုန်းသူ စားပွဲထိုးက ရုတ်တရက် ဝေဖန်ပြောဆိုလာတယ်။ သူမက “ ဒီကလေးတွေက အဖေလိုတယ်။ ရှင်တို့က ဒီမှာရှိတဲ့ တစ်ခြားသူတွေကို စိတ်မသက်မသာဖြစ်အောင် လုပ်နေတာပဲ” လို့ ပြောတယ်။ အခြားစားသောက်သူတွေက သဘောတူကြပြီး တစ်ခြားသူတွေက မိသားစုကို ဝင်ကာပေးနေတုန်းပါပဲ။ ဒီလူတွေထဲ့တစ်ချို့ဟာ သရုပ်ဆောင်တွေဖြစ်ပြီး ခင်ဗျားအပါအဝင် ကျန်တဲ့သူတွေဟာ မသိလိုက်ပဲ ကိုယ်ပျောက်ပြဇာတ်ထဲ ဝင်ရောက်ကပြနေတာပါပဲ။

ကိုယ်ပျောက်ပြဇာတ်ဆိုတာ၊ ပြဇာတ်လို မထင်ရအောင်၊ အများပြည်သူပိုင်နေရာတွေမှာ သရုပ်ဆောင်ကပြတဲ့ ပြဇာတ်မျိုးဖြစ်ပါတယ်။

ကိုယ်ပျောက်ပြဇာတ်ဆိုတာ၊ ပြဇာတ်လို မထင်ရအောင်၊ အများပြည်သူပိုင်နေရာတွေမှာ သရုပ်ဆောင်ကပြတဲ့ ပြဇာတ်မျိုးဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လက်တွေ့ကျနိုင်သမျှကျအောင် ဝင်စွက်ဖက်တာတွေ ပြုလုပ်ကာ အလိုအလျောက်တုံ့ပြန်မှုတွေကို လှုံဆော်ပေးမှာပါ။ မြင်ကွင်းက လူတွေကြားလောက်အောင်နဲ့ သတိထားမိလောက်အောင်တော့ အသံကျယ်ရပါမယ်။ ဒါပေမယ့် ဇာတ်တိုက်ထားတယ်ဆိုတာ သိသာလောက်အောင်တော့ ကျယ်လောင်လို့ မဖြစ်ဘူ။ ဘေးကရပ်ကြည့်သူတွေဟာလည်း တကယ့်ဖြစ်ရပ်အတိုင်း ဝင်ပါလာနိုင်ပါတယ်။ သူတို့ကြောင့် ဒါဟာ တကယ့်ဖြစ်ရပ် ဖြစ်လာပါတယ်။ ထို့ကြောင့်လည်း၊ ကိုယ်ပျောက်ပြဇာတ်ဟာ ပြဇာတ်ရုံအများစုမရနိုင်တဲ့ အရာတွေကို ရရှိနိုင်ပါတယ်။ သရုပ်ဆောင်နဲ့ ပွဲကြည့်ပရိသတ်ကြား ဘောင်တွေစည်းတွေကို ဖြိုချပစ်လိုက်တယ်။ လူတွေဟာ သူတို့ မှတ်ယူထားတဲ့ ယူဆချက်တွေကို ပြန်လည်တွေးလာနိုင်ပြီး သူတို့ ရှောင်ဖယ်ထားတဲ့ ထိလွရှလွယ်ကိစ္စတွေကို ထိတွေ့လာနိုင်တဲ့ ဝိရောဓိအခြေအနေတွေဆီ လက်လှမ်းမှီအောင် ဖန်တီးပေးပါတယ်။

ကိုယ်ပျောက်ပြဇာတ်ဆိုတာ ဩဂတ်စတိုဘိုအာလ်ရဲ့ အဖိနှိပ်ခံတို့၏ပြဇာတ် နည်းလမ်းတွေထဲက တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ဆက်တင်အမျိုးမျိုးဖြင့် အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ၂၀၀၃ခုနစ် နယူးယောက်မြို့တွင်၊ ကမ္ဘာလှည့်ခရီးသွားများအဖြစ် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေဟာ၊ အင်ပါယာစတိတ်အဆောက်အဦးကို ဓာတ်ပုံရိုက်နေတဲ့ ဟီဂျဗ်ဝတ်မူစလင်အမျိုးသမီးနှစ်ဦး ( သူတို့လည်း သရုပ်ဆောင်တွေပါ )ကို၊ အကြမ်းဖက်အလားအလာရှိသော အန္တရာယ်များအဖြစ် ကျယ်လောင်စွာအော်ဟစ်မှတ်ချက်ပေးကြပါတယ်။ ဒီမြင်ကွင်းဟာ လူမျိုးရေးခွဲခြားမှုနဲ့ “ အကြမ်းဖက်များအတွက် စစ်ပွဲ” အကြောင်းတွေနဲ့ ပတ်သတ်ပြီး အရေးကြီးသော အပြန်အလှန်ဆွေးနွေးမှုများကို ​ဖြစ်ပွားလာစေခဲ့ပါတယ်။ တစ်ခြားဥပမာများအနေဖြင့်၊ စားသောက်ဆိုင်တွေနဲ့ ဗာဟီရစတိုးဆိုင်တွေတွင် စျေးဝယ်သူတွေအနေနဲ့ သရုပ်ဆောင်ထားသူတွေဟာ သူတို့ရဲ့ ငွေတောင်းလွှာကို ပေးဖို့ မတတ်နိုင်ဘူးလို့ ပြောဆိုကြတယ်။ အဲ့တာဟာ ငွေကိုင်စာရေးနဲ့ အနီးနားက စျေးဝယ်သူတွေကြား ( အဲ့ထဲကတစ်ချို့က သရုပ်ဆောင်တွေပါ) စီးပွားရေးညီမျှမှုနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို အပြန်အလှန်ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေခဲ့တယ်။

ကိုယ်ပျောက်ပြဇာတ်တွေဟာ ကြိုတင်ပြင်ဆင်မှုနဲ့ ဇာတ်တိုက်မှုတွေ လုံလုံလောက်လောက်ရှိဖို့ လိုအပ်ပါတယ်။ လုပ်ဆောင်မှုတွေမှာ မမျှော်လင့်တာတွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်လာရင်တောင်မှ သရုပ်ဆောင်တွေဟာ ကျရာဇာတ်ကောင်နေရာအတိုင်း သရုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။ တစ်ခြားအရာတွေနဲ့မတူ တစ်မူထူးတာက ကိုယ်ပျောက်ပြဇာတ်ဟာ သူ့ပြဇာတ်မှာ ထိုသို့ အဖြစ်မျိုး အဖြစ်မခံပါဘူး။ ပြောက်ကျားပြဇာတ်လို ပုံစံ အခြားကိုယ်ပျောက်ပြဇာတ်တွေ၊ ရက်စ်မန်း စတိုင် နောက်ပြောင်မှုတွေ၊ Improv Everywhere လို နောက်ပြောင်မှုတွေလိုမျိုး၊ “ ပြန်လည်ထုတ်ဖော်ပြသမှု” မျိုး ဘယ်တော့မှမရှိဘူး။ ကိုယ်ပျောက်ပြဇာတ် တင်ဆက်မှုနဲ့ ကြုံတဲ့လူတိုင်းဟာ တကယ့်ဖြစ်ရပ်အတိုင်း ကြုံတွေ့ရမှာဖြစ်ပြီး ပြီးသွားရင်လည်း ထိုအရာကို တကယ်ဖြစ်ခဲ့တယ်လို့ ထာ၀ရ ထင်သွားမှာပါ။

Originally published in Beautiful Trouble.

အဓိကအခြေခံမူ

တကယ့်လုပ်ဆောင်မှုက ခင်ဗျားရဲ့ ပစ်မှတ်ရဲ့ တုံ့ပြန်မှုပါပဲ

ကိုယ်ပျောက်ပြဇာတ်ရဲ့ လှပတဲ့အစိတ်အပိုင်းဟာ သူ့ဘာသာ အလိုအလျောက်သွားနေတုန်းမှာ၊ ပရိသတ်ရဲ့ တုံ့ပြန်မှုတွေကို ကြိုတင် ဇာတ်တိုက်ထားဖို့ကလည်း အရေးကြီးပါတယ်။ ဘယ်လိုတုံ့ပြန်မှုတွေရမလဲဆိုတာ သိမြင်ဖို့၊ ဖန်တီးမှုမှာမပါဝင်တဲ့ လူတွေနဲ့ ဒီဇာတ်ကို ကြိုတင် စမ်းသပ်ထားတာ ကောင်းမွန်တဲ့အကြံဉာဏ်ပါ။ ခင်ဗျားရဲ့ ကိုယ်ပျောက်ပြဇာတ်တင်ဆက်မှုဟာ ပရိသတ်ကြား ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေ သို့မဟုတ် အတွေးစဉ်တွေလောက်ကို ခွန်အားကြီးပါတယ်။

အပြင်လောက ဥပမာများ

Parents Are "Gay Bashed" In Front of Their Children

On the TV show “What Would You Do,” invisible theatre actors discriminated against gay parents, provoking a reaction from other restaurant customers.

ပိုမိုလေ့လာရန်