အခြေခံမူ

ဒီဂျစ်တယ်အားဖြင့် မိမိကိုယ်မိမိ ကာကွယ်ခြင်းကို ကျင့်သုံးပါ

Members of The Dazzle Club wearing C.V Dazzle camouflage, designed to prevent facial recognition by surveillance cameras. Photo: Cocoa Laney

အတိုချုံးပြောရရင်

ဒီဂျစ်တယ် စောင့်ကြည့်ခြင်းနဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့၊ တက်ကြွလှုပ်ရှားသူများဟာ ဒီဂျစ်တယ် လုံခြုံရေးကိရိယာများနှင့် လုပ်ထုံးလုပ်နည်း ကျင့်ဝတ်များဖြင့် အသားကျနေသင့်ပါတယ်။

ကျွန်တော်တို့ကို သူတို့ သူလျှိုလုပ်ကြတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ချစ်ခင်မြတ်နိုးမှု ဖော်ပြတာတွေကို သူတို့ ဖော်ထုတ်သိရှိသွားကြပါစေ

— Alice Walker

အင်တာနက် နည်းပညာတွေဟာ တက်ကြွလှုပ်ရှားသူများနဲ့ စီစဉ်သူများရဲ့ အလုပ်ကို အင်မတန် ပိုကောင်းလာစေနိုင်ပါတယ်။ ဒါပေမဲ့ ထိုအကျိုးအမြတ်များ ရယူခြင်းဟာ စွန့်စားမှုတွေ တွဲကပ်ပါလာတတ်ကြပြီး စောင့်ကြည့်ခံရခြင်းကတော့ ကြီးကြီးမားမား တစ်ခုပါပဲ!

၁၈ ရာစု နယူးယောက်မြို့တွင်၊ လူမည်း၊ လူမျိုးကပြားနှင့် တိုင်းရင်းသားလူမျိုးတွေဟာ၊ ညမှောင်သွားပြီးနောက် မီးထွန်းထားတဲ့ လက်ဆွဲမီးအိမ်တွေကို သယ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အဲ့အခါကျ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက စောင့်ကြည့်မှတ်သားနိုင်ပါတယ်။ ယနေ့အချိန်အခါတွင်မူ၊ အများတကာနှင့် အတွင်းရေးနေရာများကို နည်းပညာအပိုင်းအခြားများဖြင့် မီးထွန်းလိုက်တယ်။ လမ်းဘေးကင်မရာများကနေ မိုဘိုင်းဖုန်းတွေအထိ၊ စမတ်နာရီများကနေ မီးဖိုချောင်သုံးပစ္စည်းများအထိပါပဲ။ မျက်စိလေးတွေ နားလေးတွေဟာ ကျွန်တော်တို့ ဘယ်ကိုကြည့်ကြည့် ရှိနေတယ်။ ခင်ဗျား ဒီစာကြောင်းကို ဖတ်နေတုန်း၊ ခင်ဗျားရဲ့ စက်ပစ္စည်းဟာ၊ မီးထွန်းထားတဲ့ လက်ဆွဲမီးအိမ်နဲ့ မတူညီဘဲ၊ မှတ်သားလို၊ ဖြန့်ဝေလို့၊ ရောင်းပါရောင်းလိုတဲ့ ခင်ဗျားရဲ့ အချက်အလက်တွေကို တစ်ဆင့်ပေးပို့နေတယ်။

ဇူလိုင်လ ၂၀၂၁ ခုနစ်တွင်၊ Pegasus Project စုံစမ်းစစ်ဆေးခြင်းက သူတို့ရဲ့ ဖုန်းများတွင် Pegasus Spyware အမျိုးအစား ဗိုင်းရက်စ်ကိုက်ခံလိုက်ရတဲ့၊ မက်ဆီကိုမှသည် ပါလက်စတိုင်းအထိ နိုင်ငံပေါင်း ၅၀ ကျော်ရှိ ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအရ အစိုးရဆန့်ကျင်သူများနဲ့ ဂျာနယ်လစ်များကို စောင့်ကြည့်ခံရခြင်းကို ဖော်ထုတ်ခဲ့ပါတယ်။ ဗိုင်းရက်စ်ကိုက်ခံလိုက်ရတဲ့အခါ၊ ဖုန်းတစ်လုံးဟာ ၂၄ နာရီ စောင့်ကြည့်တဲ့ပစ္စည်းအဖြစ် ပြောင်းလဲသွားတယ်။ တိုးတိုးတိတ်တိတ် အသက်သွင်းလိုက်တဲ့ မိုက်ခရိုဖုန်းတွေနဲ့ ကင်မရာတွေမှတစ်ဆင့် အပြင်မှာ လက်တွေ့ စကားပြောနေတာတွေ သို့မဟုတ် ရုပ်သံတွေ ပါ အပါအဝင်၊ စက်ထဲမှာ ရှိတဲ့ အရာမှန်သမျှကို ကျူးကျော်၀င်ရောက်သူတွေက အတားအဆီးမရှိ ဝင်ကြည့်ခွင့်ရသွားတယ်။

“စောင့်ကြည့်မှုတွေရဲ့အောက်မှာ မစွမ်းသာဘဲ လက်ပိုက်ကြည့်နေရတာမျိုး အားမလျော့ပါနဲ့။ အင်တာနက်ပေါ်မှာ တစ်ယောက်ယောက်ပြောခဲ့သလိုမျိုးပေါ့ “ ပြည်သူ့အကျိုးလိုယောင်ဖြင့် ပြည်သူကို ချုပ်ကိုင်ခြယ်လှယ်တဲ့ အစိုးရ (Big Brother)က စောင့်ကြည့်နေတယ်။ သူ့ကို ဆက်လက် ဧည့်ခံဖျော်ဖြေပေးနေလိုက် ” တဲ့။

သတင်းကောင်းကတော့၊ ဒီအရာကို ကာကွယ်ဖို့ ကျွန်တော်တို့ဟာ အစွမ်းမရှိတာမျိုးတော့ မဟုတ်ပါဘူး။ အချိန်ပြည့်၊ အဆင့်မြင့် နည်းပညာစနစ်များကို ဆန့်ကျင်ပြီး ခင်ဗျားရဲ့ သတင်းအချက်အလက်များကို ကာကွယ်ခြင်းက၊ ပင်ပန်းနွမ်းနယ်စရာကောင်းတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့၊ ခင်ဗျား သို့မဟုတ် ခင်ဗျားရဲ့ လှုပ်ရှားမှုတွေက ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ တမူထူးခြားသော ခြိမ်းခြိမ်မှုများနဲ့ ထိုအရာတွေကနေ ကာကွယ်ဖို့ ရိုးရှင်းသော နည်းလမ်းတစ်ချို့ (Encryption)ကို ခင်ဗျား နားလည်သိရှိသွားတဲ့အခါ၊ ထိုခြိမ်းခြောက်မှုများကို တန်ပြန်တုံ့ပြန်နိုင်တဲ့ ရိုးရှင်းတဲ့ ကိရိယာတွေ အမြောက်အမြား ရှိပါတယ်။ Surveillance Self-Defensewebsite လိုမျိုး ပလက်ဖောင်းတွေဟာ သူတို့ရဲ့ အန္တရာယ်ပုံစံအလိုက် သတ်မှတ်ထားတဲ့ လုံခြုံရေး စီမံချက်တစ်ရပ်ကို ချမှတ်ပေးကာ အသုံးပြုသူတွေကို ကူညီပေးနိုင်ပါတယ်။ နောက်ပြီး Security in a Boxက၊ ဝင်ငွေနည်းပါးတဲ့ နိုင်ငံများရှိ အင်္ဂလိပ်ဘာသာစကား မတတ်ကျွမ်းတဲ့ အသုံးပြုသူများအတွက် ချဲ့ထွင်ပေးထားသော၊ ဒီဂျစ်တယ် လုံခြုံရေး ကိရိယာများနှင့် နည်းဗျူဟာများကို ထောက်ပံ့ပေးပါတယ်။ Digital Defenders Programme ကဲ့သို့ စဦးဆောင်ရွက်လှုပ်ရှားမှုများဟာ၊ တရားဝင် ဒီဂျစ်တယ် လုံခြုံရေး အရေးပေါ်အခြေနေများဖြင့်၊ တက်ကြွလှုပ်ရှားသူများကို ကူညီထောက်ပံ့ပေးပါတယ်။

ကံဆိုးစွာပဲ၊ ခင်ဗျားရဲ့ ဒီဂျစ်တယ် ခြေရာလက်ရာများဟာ၊ အင်တာနက်နဲ့ ချိတ်ဆက်ပြီး ခင်ဗျား ကုန်ဆုံးလိုက်တဲ့ အချိန်ဖြင့် ကန့်သတ်ထားတာမျိုး မဟုတ်ပါဘူး။ Online နဲ့ Offline အန္တရာယ်များဟာ တစ်ခုနှင့်တစ်ခု ထပ်တူဖြစ်ပေါ်လာကြပြီး နှစ်ဖက်လုံး တွန်းအားပေးလာကြတယ်။ ၂၀၂၀ ခုနစ်တွင်၊ အမေရိကန်၏ အမျိုးသားလုံခြုံရေးဌာနဟာ ဂျော့်(ချ်)ဖလွိုင်(ဒ်) သေဆုံးမှုနှင့်ပတ်သတ်ပြီး၊ ဆန္ဒပြမှုများအား စောင့်ကြည့်တဲ့ ခြေရာလက်ရာများရဲ့ အနည်းဆုံး နာရီ ၂၇၀ ကို မှတ်တမ်းတင်ထားခဲ့တယ်။ ထိုခြေရာလက်ရာများကို ဒရုန်းများ၊ လူမပါသောလေယာဉ်များနဲ့ stingrays (လို့ ခေါ်တွင်သော ဆဲလ်တာဝါ စောင့်ကြည့်ကိရိယာများ)ကဲ့သို့ ပစ္စည်းများမှတစ်ဆင့် စုဆောင်းခဲ့ပါတယ်။ စုဆောင်းထားသော ဒေတာအချက်အလက်များကို၊နောင်တစ်ချိန် အနာဂတ်ကာလတွင် စုံစမ်းစစ်ဆေးမှုများတွင် အသုံးပြုရန်၊ ဒေသတွင်း ရဲဌာနများနှင့် အွန်လိုင်း ဖက်ဒရယ်ကိုယ်စားလှယ်များက ဝင်ရောက်ကြည့်ရှုခွင့်ရှိပြီး၊ ဆန္ဒပြမှုပြီးဆုံးသည့်နောက် တစ်ဦးတစ်ယောက်ချင်းစီကို ဆက်လက် စောင့်ကြည့်မှု လုပ်ဆောင်နိုင်ပါတယ်။

In Chongqing, a network of surveillance cameras (one for every six residents) uses facial recognition systems to record data such as ethnicity and party membership that can be used to “predict” and pre-empt unrest before it occurs. To push back against surveillance, artists, designers and engineers have come up with a range of ingenious methods. Sousveillance (inverse surveillance) acts as a form of “citizen undersight” involving the monitoring, recording, and study of surveillance systems and their proponents. This can include recording authority figures and their actions, for instance filming a police officer making an arrest.

ချုံချင်းမြို့တွင်၊ စောင့်ကြည့်ကင်မရာများရဲ့ ကွန်ယက်တစ်ခုက (နေထိုင်သူ ခြောက်ယောက်လျှင် တစ်ခုနှုန်းဖြင့်) ဒေတာများ မှတ်တမ်းတင်ရန်အတွက် မျက်နှာကို မှတ်မိသော စနစ်များအသုံးပြုပါတယ်။ ဥပမာအားဖြင့် ဆူပူအုံကြွမှုမဖြစ်ခင် “ကြိုတင်ခန့်မှန်း” ရန်နှင့် ကြိုတင်လက်ဦးမှုရယူရန် အသုံးပြုနိုင်ဖို့၊ လူမျိုးစုဝင်နှင့် ပါတီ အဖွဲ့ဝင်များရဲ့ ဒေတာများကို မှတ်တမ်းယူထားတာပါ။ စောင့်ကြည့်ခြင်းကို ကန့်ကွက်ရန်၊ အနုပညာရှင်များ၊ ဒီဇိုင်နာများနဲ့ အင်ဂျင်နီယာများက အကြံအဖန်ကောင်းသော နည်းလမ်းအမျိုးမျိုးဖြင့် ပေါ်ပေါက်လာကြပါတယ်။ Sousveillance(surveillance ရဲ့ ပြောင်းပြန်) က၊ “ပြည်သူလူထုရဲ့ စောင့်ကြည့်ခြင်း” ဆိုတဲ့ ပုံစံတစ်ခုဖြင့် လုပ်ဆောင်လာကြတယ်။ စောင့်ကြည့်စနစ်များနဲ့ သူတို့ရဲ့ ထောက်ခံအားပေးသူများကို ထောက်လှမ်းခြင်း၊ မှတ်တမ်းတင်ခြင်းနဲ့ လေ့လာခြင်းတို့ ပါဝင်ပါတယ်။ ဒါဟာ အာဏာပိုင်များရဲ့ ပုံရိပ်များနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုများကို မှတ်တမ်းတင်ခြင်းလည်း ပါဝင်နိုင်ပြီး ဥပမာအားဖြင့် ရဲအရာရှိတစ်ယောက်က ဖမ်းဆီးမှုတစ်ခုကို ရုပ်သံရိုက်ကူးထားခြင်းမျိုး ဖြစ်ပါတယ်။

၂၀၁၀ခုနှစ်က အနုပညာရှင် Adam Harvey ရဲ့ ထုတ်ဖော်စွက်ဖက်ခြင်းဆိုတဲ့ projectမှာ ဆံပင်နဲ့ မိတ်ကပ်ကို တချို့အချက်အခြာကျတဲ့နေရာတွေမှာ ကုဗတုံးပုံချယ်ပြီး မျက်နှာမှတ်သားသိရှိတဲ့ ဆော့ဝဲတွေရဲ့မှတ်သားလုပ်ဆောင်ပုံကိုနှောင့်ယှက်တဲ့နည်းကိုလေ့လာခဲ့ပါတယ်။ Dazzle Club က ထောက်လှမ်းမရနိုင်အောင်ပုံဖျက်တဲ့ မိတ်ကပ်တွေကို မတောမတော်တဆမှတ်သားသိရှိမှုတွေကို အသံတိတ်ဆန္ဒပြတဲ့အနေနဲ့ လိမ်းခြယ်ပါတယ်။

ဒီဇိုင်နာ Ewa Nowak က ခင်ဗျားရဲ့ မျက်နှာကို ပုံပျက်စေမယ့် မျက်နှာဖုံးကဲ့သို့ “မျက်နှာ တန်ဆာ” ကို ဖန်တီးလိုက်တယ်။ ပြီးတော့ Accessories for the Paranoidက ဒေတာအမှားတွေ ထုတ်ပေးနိုင်တာမျိုး သို့မဟုတ် အသုံးပြုသူတွေရဲ့ ဒီဂျစ်တယ် ဘေးတိုက်ပုံတွေကို ပြတ်ပြတ်သားသား မခွဲခြားနိုင်အောင်လုပ်ပစ်တာမျိုး လုပ်ဆောင်ပြီး ဒေတာ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အခြား ချဉ်းကပ်မှုတစ်မျိုးကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဟာ အလျင်အမြန် ပြောင်းလဲနေတာနှင့်အညီ၊ ဒီဂျစ်တယ် အားဖြင့် မိမိကိုယ်မိမိ ကာကွယ်ခြင်းဟာ၊ နည်းပညာလုပ်နိုင်စွမ်းကဲ့သို့ တွေးခေါ်နေရပါတယ်။ ကိုယ့်ရဲ့ လုံခြုံရေးကို အမြဲသတိပြုပါ။ နောက်ဆုံးပေါ် ခေတ်နှင့်အညီ အမှီလိုက်ပါ။ စောင့်ကြည့်မှုတွေရဲ့အောက်မှာ မစွမ်းသာဘဲ လက်ပိုက်ကြည့်နေရတာမျိုး အားမလျော့ပါနဲ့။ အင်တာနက်ပေါ်မှာ တစ်ယောက်ယောက်ပြောခဲ့သလိုမျိုးပေါ့ “ ပြည်သူ့အကျိုးလိုယောင်ဖြင့် ပြည်သူကို ချုပ်ကိုင်ခြယ်လှယ်တဲ့ အစိုးရ (Big Brother)က စောင့်ကြည့်နေတယ်။ သူ့ကို ဆက်လက် ဧည့်ခံဖျော်ဖြေပေးနေလိုက် ” တဲ့။

အပြင်လောက ဥပမာများ

How Hong Kong Protesters Evade Surveillance With Tech | WSJ

Protesters in Hong Kong fear they are being monitored so demonstrators have developed hacks to avoid arrest and hide their digital tracks.

Accessories for the Paranoid

A project exploring an alternative approach to data security with add-on accessories for those who are concerned about surveillance and their data security.

ပိုမိုလေ့လာရန်

Ep23—Practice digital self-defence
Troublemakers podcast, 2025
MVT (Mobile Verification Toolkit)
Amnesty International Security Lab, 2021
Is the Rising Obsession with Digital Security Paralyzing People Power
International Center on Nonviolent Conflict, 2019