အတိုချုံးပြောရရင်
ပိုမိုထိရောက်မှုရှိသည့် လှုပ်ရှားမှုတစ်ခုကို တည်ဆောက်ဖို့အတွက် မိမိကိုယ်ကိုယ်ကို အရင်ဂရုစိုက်ဖို့လိုအပ်ပါသည်။ လှုပ်ရှားမှုမှတစ်ဆင့် လူမှုရေး ပြောင်းလဲမှုများပေါ်ပေါက်လာအောင် ကြိုးပမ်းနေချိန်တွင် ပျော်ပျော်နေနိုင်အောင် ကြိုးစားကျင့်ယူဖို့လဲ အရေးကြီးပါသည်။
မိမိအဖွဲ့သားများနှင့်အတူ ပင်ပင်ပန်းပန်းနှင့် အကြာကြီး အလုပ်အတူတွဲလုပ်ရဦးမှာဘဲဟု နှလုံးသွင်းပြီး ရှေ့ဆက်ရပါမည်။ ဘာကြောင့်လဲဆိုရင် အခက်အခဲများစွာကို ရှေ့လျောက် ရင်ဆိုင်ရဦးမှာကြောင့်ဖြစ်ပါသည်။
— Naomi Klein
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့ပဲ တွေးနေ လုပ်နေတဲ့ လူတွေ အများစုဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ကျ မေ့နေကြတာ များတယ်။ လှုပ်ရှားတက်ကြွသူတွေဟာ ရုတ်တရက်ကြီး (တစ်ခါတစ်လေလဲ ကိုယ့်ကိုယ်ကို သိတဲ့လူတွေအတွက်တော့ ရုတ်တရက်မဟုတ်ပါဘူး) မီးစာကုန် ရေခမ်းဖြစ်ပြီး လူမြင်ကွင်းထဲက ပျောက်သွားတတ်ကြတယ်။ ဒီလိုတွေ အဖြစ်များလွန်းတော့ အတူပူးပေါင်းပြီး အောင်မြင်အောင် လုပ်ရမယ့် အလုပ်တွေကို ဆက်လုပ်ဖို့ ထိခိုက်လာတဲ့ အထိကို ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ဒီပြဿနာကို အလေးထား ဆွေးနွေးဖို့ လိုပြီး ဘာကြောင့်ဒီလို ဖြစ်လေ့ဖြစ်ထရှိလဲဆိုတာကို လုပ်ရှားမှုတွင် ပါဝင်သူများနှင့်အတူ ဆွေးနွေးသုံးသပ်ဖို့ လိုအပ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့၊ အချင်းချင်း ဂရုစိုက်ကြဖို့ဆိုတာကိုလဲ မမေ့မလျှော့ ပြောနေ သတိပေးနေဖို့လိုပါတယ်။ ဒီလိုမှပဲ ရေရှည်တိုက်ပွဲဝင်နိုင်ကြမှာပါ။
တက်ကြွလှုပ်ရှားသူတွေဆိုတာ လှုပ်ရှားမှုတွေအတွက် သက်ရှိကြော်ငြာတွေပဲဆိုတာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံရမှာဘဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့ တစ်ချိန်လုံး ပင်ပန်းနေမယ်၊ စိတ်တိုနေမယ်၊ ပြိုင်းနေမယ်ဆိုရင် သာမန်လူတွေကို လှုပ်ရှားမှုထဲ ပါလာအောင် ဘယ်လိုလုပ် ဆွဲဆောင်နိုင်ပါ့မလဲ။ ပြိုင်းနေတဲ့ ကျွန်ုပ်တို့ကို ကြည့်ပြီး လှုပ်ရှားမှုထဲ ဝင်ဖို့တောင် လန့်သွားပါလိမ့်မယ်။ တက်ကြွလှုပ်ရှားသူတွေ အားလုံးဟာ လူတွေကို "ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ဖို့" ရည်ရွယ်ကြိုးပမ်း ကြရတာ ဖြစ်တယ်။ အဲဒီအတွက် ပထမဆုံး ခြေလှမ်းက ကိုယ် ကိုယ်တိုင်ဟာ ဆွဲဆောင်မှုရှိနေဖို့ လိုတယ်။
Guilt ဆိုတဲ့ တာဝန်ရှိတယ်၊ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ရှိနေတာဟာ အန္တရာယ် အလွန်များတယ်။ ဘယ်တော့မှ မတင်းတိမ် မရောင့်ရဲနိုင်ဘူး။ နောက်ပြီး ကိုယ်စိတ်အတွင်းကို အရင်းခံထားတာ မဟုတ်ပဲ၊ အပြင်က ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို အရင်းခံထားတာလည်း ဖြစ်တယ်။
လက်တွေ့မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်တာကို တစ်ကိုယ်ကောင်းဆန်တယ်၊ ဇိမ်ယူတယ်လို့ မမြင်ဖို့လဲ လိုပါတယ်။ ကိုယ်စိတ်နှလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြစ်အောင် မစောင့်ရှောက်ထားရင် အနှေးနဲ့ အမြန်ဆိုသလို ပြိုင်းသွားမယ်။ ပင်ပန်းသွားမယ်။ အားကုန်သွားပါလိမ့်မယ်။ ကျန်းမာရေးမကောင်းလို့၊ စိတ်ဓါတ်ကျသွားလို့ နှစ်ရှည်လများ အလုပ်မလုပ်နိုင်တာနဲ့ စာရင်တော့ ပုံမှန်နားချိန်လေးပေးပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ ပိုမကောင်းဘူးလား။
တက်ကြွလှုပ်ရှားသူတွေဟာ ငါ့မှာတာဝန်ရှိတယ်၊ ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ စိတ်ရဲ့လှုံ့ဆော်မှုဖြင့် လှုပ်ရှားမှုမှာ ပါဝင်ကြတာများပါတယ်။ ဘေးကလူတွေကိုလည်း ထိုနည်းအတိုင်းပဲ လုပ်ကိုလုပ်ရမယ်၊ တာဝန်ရှိတယ်ဆိုတဲ့ စိတ်မျိုးပေါ်လာအောင် တိုက်တွန်းမိနေတာ သူတို့ကိုယ်သူတို့လည်း သတိမထားမိကြပါဘူး။ Guilt ဆိုတဲ့ တာဝန်ရှိတယ်၊ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ရှိနေတာဟာ အန္တရာယ် အလွန်များတယ်။ ဘယ်တော့မှ မတင်းတိမ် မရောင့်ရဲနိုင်ဘူး။ နောက်ပြီး ကိုယ်စိတ်အတွင်းကို အရင်းခံထားတာ မဟုတ်ပဲ၊ အပြင်က ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို အရင်းခံထားတာလည်း ဖြစ်တယ်။ ကိုယ်က သူများထက် အခွင့်အရေးများပိုမိုရရှိထားသည့်အခါတွင်ဖြစ်စေ၊ တခြားသူတွေထက် ကောင်းတဲ့ ဘဝကို ရထားတဲ့အခါမျိုးတွင်ဖြစ်စေ၊ အပြစ်ရှိသလို ခံစားနေရသူတွေအတွက် ပိုကောင်းတဲ့ တွန်းအားကတော့ မေတ္တာတရားထားဖို့နှင့် ပတ်ဝန်းကျင်ကိုအကျိုးပြုလိုတဲ့ စိတ်ကိုမွေးဖို့ပဲ ဖြစ်ပါသည်။ အကျိုးပြုလိုတဲ့ စိတ်ရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တာ၊ မျှော်လင့်ချက်မဲ့တာတွေ မဖြစ်တော့ပါဘူး။
အသက်တမျှ အရေးကြီးတဲ့ ကိစ္စတွေရှိတယ်။ ၂၀၀၄မှာ ကနေဒီယမ် တက်ကြွလှုပ်ရှားသူ Tooker Gomberg ဟာ စိတ်ဓါတ်ကျရောဂါကို အချိန်အကြာကြီး အကြီးအကျယ် ခံစားရပြီး ပင်ပန်းလွန်ကာ နောက်ဆုံးတွင် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်။ မဆုံးခင်မှာ တက်ကြွလှုပ်ရှားသူတွေအတွက် စာတစောင်ကို ရေးသွားခဲ့တယ်။ စာထဲတွင် တက်ကြွလှုပ်ရှားများ ကိုယ်နိုင်တဲ့ဝန်သာထမ်းဖို့နှင့် ကိုယ့်ကိုယ်ကိုယ် ဝန်မပိစေဖို့ သတိပေးထားပါသည်။
"ကမ္ဘာကြီးကို ပြောင်းလဲလာအောင် လုပ်ရတာ အင်မတန် ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ချိန်ခွင်လျှာ မျှအောင်နေပါ။ ကိုယ်ကြိုက်တဲ့ အရာတွေကိုလဲ လုပ်ဖို့မမေ့ပါနဲ့။ လှုပ်ရှားမှုတွေအတွက် အားအင်အပြည့်ရှိအောင်၊ တတ်ကြွနေအောင် နေဖို့လိုတယ်။ မိမိဝါသနာပါတာတွေ၊ မိမိကိုပျော်ရွင်မှုပေးတဲ့အရာတွေကိုလဲ လုပ်ဖို့မမေ့ပါနဲ့။ တောတောင်ထဲ လမ်းလျှောက်ပါ။ သီချင်းဆိုပါ။ ကခုန်ပါ။ ကိုယ့်စိတ်ဝိညာဉ်ကို ကျန်မာပြီး ရှင်သန်နေအောင် ထားမှ ရှေ့ကို အဝေးကြီး လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။”
လှုပ်ရှားမှုတွေမှာ ရေရှည်ပါဝင်နိုင်ဖို့အတွက် စဉ်းစားဖို့လိုပါတယ်။ ကျွန်ုပ်တို့ ရှေ့ကလူတွေ၊ နောက်မှာ ပါလာမယ့် လူတွေကိုလည်း မေ့မထားကြနဲ့။ ဒီလိုမှလည်း အရှေ့လူတွေလုပ်ခဲ့တဲ့ အမှားတွေ၊ သူတို့ရခဲ့တဲ့အောင်မြင်မှုတွေကို လေ့လာပြီး သင်ခန်းစာယူနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အရာရာကို အသစ်ကနေ ပြန်စလုပ်ဖို့မလိုတော့ပါဘူး။ ကမ္ဘာကြီးရဲ့ ဒုက္ခအားလုံးကို ကျွန်ုပ်တို့ ပုခုံးပေါ်မှာ ထမ်းထားဖို့ မလိုပါဘူး။ လက်ရှိအခြေအနေတွင် ဘာလုပ်ပေးနိုင်လဲ။ ဘာတွေ အကျိုးပြုနိုင်လဲဆိုတာကိုပဲ ရိုးရိုးလေး တွေးရင် ရပါပြီ။
Originally published in Beautiful Trouble.
အပြင်လောက ဥပမာများ

Tooker Gomberg, a longtime activist and campaigner, wrote this piece while battling severe depression and burnout.