ဇာတ်လမ်း

အသည်းကြားက မဲတပြား

Photo: Philip Evans | CC BY-NC-ND 2.0

အတိုချုံးပြောရရင်

ဇင်ဘာဘွေရဲ့ ၂၀၁၃ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အမျိုးသမီးတွေကို သူတို့ရဲ့လင်ယောက်ျားတွေ အပြောင်းအလဲအတွက် မဲထည့်လာအောင် ဖိအားပေးတဲ့အနေနဲ့ တူတူမအိပ်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ရလဒ်တွေကတော့ သိသာထိရောက်ခဲ့ခြင်းမရှိပါဘူး။

၂၀၁၃ မဲဆွယ်ကာလတွင် အတိုက်အခံပါတီဖြစ်သည့် MDC နိုင်ငံရေးပါတီ အဖွဲ့ဝင် Ms. Priscilla Misihairambwi-Mushongaသည် အမျိုးသမီးထုကို တောင်းဆိုမှု တခုပြုလုပ်သည်။​ ထိုတောင်းဆိုချက်မှာ အမျိုးသားများမှ အပြောင်းအလဲအတွက် မဲမထည့်ပါက အမျိုးသမီးမှ အတူမအိပ်ရန်၊ လင်မယား ကိစ္စပြုလုပ်ခွင့်ပိတ်ရန် ဖြစ်သည်။ ဇင်ဘာဘွေ အမျိုးသမီးများကို သူက “ယောက်ျားများ အထိခိုက်ဆုံးကိစ္စမှာ အိပ်ခန်းထဲမှ ကိစ္စဖြစ်သည်”ဟု ဖြည့်ပြောသေးသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တိုင်းပြည်အတွင်း မှားယွန်းနေသည့် ကိစ္စများကို အမှန်ပြင်နိုင်သည်။ အပြောင်းအလဲအတွက် မဲပေးရမည်။

In the cultural context of Zimbabwe, having the right spokespeople, with the right ‘credentials,’ matters, and can mean the difference between a successful or failed campaign.

ထိုအချိန်တွင် ဇင်ဘာဘွေနိုင်ငံသည် တောက်လျှောက် အလွန်အမင်း ငွေကြေးဖောင်းပွမှုနှင့် စက်မှုစီးပွါးကြီးမားစွာ ပြိုလဲမှုတို့မှ ပြန်လည်ထိုးထွက်လာနိုင်ခါစလေးဖြစ်သည်။ မကြုံစဖူး စီးပွါးရေး ကျပ်တည်းကာ အလုပ်လက်မဲ့ ဦးရေလည်း မတရားများပြားနေချိန်ဖြစ်သည်။​ ထိုအခိုက်တွင် အာဏာရပါတီကို ဖြုတ်ချလိုက်ပါက ပြဿနာအားလုံး ပြေလည်သွားမည်ဟု ရိုးရှင်းစွာ ယူဆနေကြသည်။ “No sex no vote”ကမ်ပိန်းသည် တိုင်းပြည်အတွင်းရှိ အမျိုးသားအားလုံးကို တခုခုလုပ်ရန် ဖိအားပေးသည့် လှုပ်ရှားမှု ဖြစ်သည်။ ထိုလှုပ်ရှားမှုဖြင့် အာဏာရပါတီကို ဆန့်ကျင်သည့် မဲအများအပြားရရှိခဲ့သည်။

ထိုအရင်ကလည်း ဇင်ဘာဘွေတွင် မဲပေးခဲ့သည့် အကြိမ်များစွာရှိခဲ့သော်လည်း အာဏာရပါတီနှင့် သမ္မတ Robert Mogabe တို့သာ အုပ်ချုပ်နိုင်ခဲ့သည်မှာ လွတ်လပ်ရေးရသည့် ၁၉၈၀ ခုနှစ်ကတည်းက ဖြစ်သည်။ Ms. Misiharambwi-Mashona သည် ထိုကိစ္စကို အစဉ်အဆက် မကျေလည်နိုင်ခဲ့ပေ။ ဇင်ဘာဘွေနိုင်ငံတွင် အမျိုးသမီး မဲပေးသူ အရေအတွက်သည် အမျိုးသားထက် ပိုများနေခဲ့သည်။ ထို့ကြောင့် အမျိုးသားများ မဲပေးလာစေရန် တွန်းအားပေးဖို့ ကြိုးစားခဲ့ချင်းဖြစ်သည်။ ထိုသို့ဖြင့် အတိုက်အခံ ပါတီဘက်မှ မဲရအောင် ကြိုးစားနိုင်သည်ဟု ထင်ခဲ့သည်။

တဉီးတည်း လှုပ်ရှားသော် ကမ်ပိန်းမှာ အောင်မြင်မှု့ မရခဲ့ပေ။ မဲပေးသူ အရေအတွက် တိုးမလာခဲ့ပေ။ အာဏာရပါတီနှင့် ယခင်သမ္မတသာ ပြန်လည်အုပ်ချုပ်နိုင်ခဲ့သည်။ ထိုအခြေအနေတွင် မဲ မသမာမှုနှင့် နိုင်ငံရေး အကြမ်းဖက်မှုများကြောင့် မကျေနပ်မှုများ တိုးပွားလာခဲ့သည်။ ၂၀၁၃ခုနှစ် အာဏာရပါတီကို မဲပေးခြင်း သက်သက်ဖြင့် ဖြုတ်ချနိုင်မည်လားဟု မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့သည်။

အဓိကနည်းဗျူဟာ

Sex strike

The action assumed that denying the men of the country conjugal rights would galvanise them into voting out the ruling party. Sex strikes have been used successfully in other contexts, including Kenya, Liberia and Colombia, but proved ineffective in Zimbabwe in 2013.

အဓိကအခြေခံမူ

Choose tactics that support your strategy

Was a sex strike the right tactic in this case? There were some fundamental concerns from the beginning, like how would it be possible to know for certain that behind closed doors, women were actually putting the boycott into practice. In the context of widespread gender-based violence, such a tactic was risky to propose without a broad movement to offer strength and support.

ပိုမိုလေ့လာရန်