BATMo! :
လေ့ကျင့်ပေးသူများအတွက်

BATMo!

B eautiful
A ction
T rainer
Mo dules 

BATMo။ အကြမ်းမဖက်လှုပ်ရှားမှုများအား အသုံးပြုရန် သင်ညွှန်းပေးသူ များအတွက် လုပ်ငန်းစဥ် တစ်ဆယ့်နှစ်။

တစ်ဘောက်ချင်းဖြစ်စေ၊အဖွဲ့လိုက်ဖြစ်စေ၊ထိရောက်ပြီးအဆင်ပြေစေမဲ့အကြမ်းမဖက်လှုပ်ရှားမှုကိုအကောင်းဆုံးအေထာက်အကူပြုစေမဲ့နည်းလမ်းများဖြင့်ဖန်တည်းထားသည်။

ဘက်မို။သင်တန်းကနေထုတ်နှုတ်ထားတဲ့အချက်အလက်တွေရယ်၊ဒုက္ခလှလှ ဆိုတဲ့ပစ္စည်းတွေရယ်၊ကမ္ဘာလုံးဆိုင်ရာအချက်အလက်တွေရယ်ကိုပေါင်းစပ်မယ်။သုံးမယ်။သင်တန်းလေ့ကျင့်ပေးသူက လေ့ကျင့်ခန်းအမျိုးအမည်၊နဲ့ အစီအစဥ်ကို ရွေးချယ်ပေးနိုင်မယ်။

ဘယ်သူလဲ ဘက်မို။ဘာအတွက်လဲ။

အကြမ်းမဖက်လှုပ်ရှားမှု၊ပြည်သူ့အာဏာ၊လူထုအာခံမှုတို့နဲ့ပတ်သက်လို့၊တတ်သိသောလေ့ကျင့်ပေးသူများ၊ပံ့ပိုးသူများ၊ပညာပေးသူများ၊အားလုံးအချက်အလက်ထုတ်နှုတ်ရေးအစပါပဲ။

လေ့ကျင့်ပေးသူများအတွက်

  • အကြမ်းမဖက် လှုပ်ရှားမှုပုံစံခုနှစ်မျိုး။

  • လုပ်ငန်းစဥ်ငါးမျိုး

အဆင့်တိုင်းမှာသီးသန့်လှုပ်ရှားမှုရှိသည်။လှုပ်ရှားမှုတိုင်းမှာ တိကျတဲ့ ဉီးတည်ချက်ရှိသည်။နောက်လာနဲ့အဆင့်များအတွက်အဆင်ပြေစေရန်ဖြစ်သည်။

အဆင့်တိုင်း လှုပ်ရှားမှုတိုင်းအတွက် အချက်ပြကတ်ပြားများသုံးမည်။သင်တန်းကာလမှာဒေါင်းလုဒ်ပြုလုပ်ခြင်းဖြစ်စေ၊ပုံနှိပ်ခြင်းဖြစ်စေပြုလုပ်နိုင်သည်။

ကတ် ပြားပေါ်က ကျူအာ ကုတ်ကို စမတ်ဖုန်းနဲ့ရိုက်ပြီး၊အွန်လိုင်းပေါ်ချက်ချင်းတင်ကာ သိလိုသည်များကိုစုံစမ်းနိုင်သည်။

အကြမ်းမဖက် လှုပ်ရှားမှု သမိုင်းကြောင်းအား အဖွဲ့နှင့်အတူတကွ ပြန်လည်လေ့လာ၍ မဟာဗျူဟာမြောက် နည်းလမ်းများကို ကျယ်ပြန့်သည့် လူမှုလှုပ်ရှားမှုသမိုင်း ကြောင်းဖြစ်စဉ် များနှင့် ချိတ်ဆက်နိုင်စေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပြီး၊ အကြမ်းမဖက် လှုပ်ရှားမှု အလေ့အထများအတွက် အားကောင်းခိုင်မာသည့် အခင်းအကျင်းများ ဖြစ်လာစေမည်။

အကြမ်းမဖက်လှုပ်ရှားမှုကို လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများ၊ လှုပ်ရှားတက်ကြွသူများ၏ မျှော်မှန်းချက်များ၊ နှုန်းစံတန်ဖိုးများ သို့မဟုတ် မူဝါဒများကိုချမှတ်နိုင်ရန် အထောက်အကူပြုပေးနိုင်မည့် နည်းလမ်းများဖြစ်ပြီး၊ ပိုမိုထိရောက်သည့် အစီအစဉ်ရေးဆွဲခြင်းများ၊ လှုပ်ရှားမှုများကို လက်တွေ့အကောင်အထည်ဖော်မှုများအတွက် လမ်းညွှန်ပေးနိုင်ရန် ဖြစ်သည်။

ဤသင်ရိုးသည် အကဲဖြတ်တိုင်းတာခြင်း နှင့် ဆန်းစစ်သုံးသပ်ခြင်း (သတင်းအချက်အလက်များ စုဆောင်းခြင်း နှင့် စိစစ်ခြင်း လုပ်ငန်းစဉ်) တို့ကို မိမိတို့ မျှော်ရည်ချက်ကို ဖော်ထုတ်ခြင်း မှ လှုပ်ရှားမှုမဟာဗျူဟာ ဖြစ်ရပ်လေ့လာချက်များကို ဖော်ထုတ်လေ့လာခြင်းအထိ ပေါင်းကူးပေးနိုင်ရန် မည်သို့ အသုံးပြုရမည်ကို အာရုံစိုက်လေ့လာခြင်းဖြစ်သည်။

မဟာဗျူဟာ ဆန်းစစ်သုံးသပ်ချက်များ နှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဤ သင်ခန်းစာက ပေါင်းကူးပေးသည်။ ထို့ပြင် လှုပ်ရှားမှုဆောင်ရွက်နေသည့် အဖွဲ့များအား ကျယ်ပြန့်စွာ ရှုမြင်နားလည်နိုင်ရန် အထောက်အကူပြု ပေးပြီး၊ လှုပ်ရှားမှုကို အားကောင်းမောင်းသန်ဖြစ်စေရန် လိုအပ်သည့် တိကျသေချာသော လုပ်ဆောင်ချက်များနှင့်လည်း ချိတ်ဆက်ပေးသည်။

ဤသင်ရိုးသည် လှုပ်ရှားမှု၏ ရည်ရွယ်ချက်များ အောင်မြင်နိုင်စေရန်အတွက် အသေးစိတ် နည်းဗျူဟာများ နှင့် လူပုဂ္ဂိုလ်များ၊ ရင်းမြစ်များကို ဖော်ထုတ်ခြင်း အပါအဝင် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ခြင်း အစီအစဉ်ကို ရေးဆွဲရာ၌ လမ်းညွှန်အဖြစ် အသုံးပြုနိုင်သည်။

တီထွင်ဖန်တီးမှု အားကောင်းသော နည်းနာများသည် အောင်မြင်သော လှုပ်ရှားမှုများ၏ ထင်ရှားသော လက္ခဏာများ ဖြစ်သည်။ တီထွင်ဆန်းသစ်မှုရှိသည့် လှုပ်ရှားမှုများအတွက် လိုအပ်သော အချိန် နှင့် နေရာများ အသုံးပြုကာ ဖော်ထုတ်ခြင်းသည် ပိုမိုထိရောက် သော လှုပ်ရှားမှုများ ဖြစ်လာစေနိုင်ပါသည်။

ပဋိပက္ခအား ရှင်းလင်းစွာ ဖော်ထုတ်ရန် နှင့် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန် မိမိတို့တွင် ရှိသော နည်းလမ်းများကို ကြိုတင်ပြင်ဆင် လေ့ကျင့်ထားခြင်းဖြင့် ပိုမိုထိရောက်သော ပဋိပက္ခ ကြားဝင်ဖြေရှင်းသူများ၊ စည်းရုံးလှုံ့ဆော်သူများ၊ တက်ကြွလှုပ်ရှားသူများ ဖြစ်လာရန် စွမ်းဆောင်ရည်များကို တည်ဆောက်နိုင်မည်ဖြစ်သည်။ 

စွမ်းဆောင်ရည်ပြည့်ဝသော အထောက်အကူပြုဆွေးနွေးခြင်းနည်းစနစ်များ - အကြမ်းမဖက် လှုပ်ရှားမှု သင်တန်းပို့ချသူများအတွက် အိုင်ဒီယာများ နှင့် စေ့ဆော်မှုများ

တက်ကြွစေမည့် လှုပ်ရှားမှုများသည် သင်တန်းပို့ချမှုကာလအတွင်း အခြေအနေအမျိုးမျိုးတွင် အသုံးဝင်နိုင်ပါသည်။ အဖွဲ့ဝင်များ အချင်းချင်း သိကျွမ်းရင်းနှီးစေရန် နှင့် သင်တန်းသားများ နှေးကွေးလာပါက ပြန်လည် တက်ကြွစေရန် သို့မဟုတ် စဉ်းစား တွေးတောမှုများ လုပ်ဆောင်သည့်အခါ ကြပ်တည်းမှုများ ကြုံတွေ့လာပါက ပြန်လည် နှိုးဆွပေးရန် ရည်ရွယ်သည်။

အဖွဲ့တွင် ပါဝင်သော တစ်ဦးချင်းစီ၏ အတွေ့အကြုံများကို မျှဝေနိုင်စေရန် အထောက်အကူပေးသည့် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များထံမှ အကျိုးရလဒ်များကို အဖွဲ့က ရရှိနိုင်ပြီး၊ အဖွဲ့တွင်ရှိသည့် တက်ကြွမှု အတိုင်းအတာကို နားလည်နိုင်ကာ၊ အဖွဲ့ အတွင်းသို့ အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် ယူဆောင်လာနိုင်မည် ဖြစ်သည်။

အတွေ့အကြုံများအပေါ် ပြန်လည်ဆွေးနွေးမေးမြန်းခြင်း နှင့် အကဲဖြတ်သုံးသပ်ခြင်းတို့သည် သင်တန်းပို့ချမှုအတွက် အဓိကကျသော အဆင့်များဖြစ်သည့်အတွက် သင်တန်းပို့ချသူများနှင့် သင်တန်းတက်သူများသည် ၎င်းတို့၏ လေ့လာမှုများကို ပြန်လည်သုံးသပ်ခြင်း၊ လေ့လာခြင်း၊ မျှဝေခြင်း နှင့် ခိုင်မာအားကောင်းစေရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဒီသင်ခန်းစာကနေ စည်းရုံးလှုံဆော်သူတွေ၊ ကမကထပြုသူတွေကို တစ်ကိုယ်ရည် ဂရုပြုခြင်း၊ အသိုက်အ၀န်းကို ဂရုပြုခြင်းတို့အတွက် ဘယ်လို နည်းလမ်းတွေ သုံးမလဲ။ လူမှုရေး အပြောင်းအလဲ ကိုရေရှည် တည်တံ့အောင်၊အကျိုးရှိရှိဘယ်လိုတည်ဆောက်ကြမလဲဆိုတာကိုအထောက်အကူပေးပါတယ်။

ဘက်မို ကိုဘယ်လိုသုံးရမလဲ။

သေချာတာက ဘက်မို ကတ်ပြား ကို ဒေါင်းလုဒ်ယူပြီး၊ပုံနှိပ်ထုတ်ယူပါ။

ကိုယ့်စမတ်ဖုန်းဖြင့် ကျူအာ ကုတ်ကိုရိုက်ယူကာအွန်လိုင်းမှတဆင့်၊ပုံနှိပ်ကတ်ပြားရယူပါ။

ကိုယ် စိတ်၀င်စားတဲ့ လုပ်ငန်းစဥ်အမှတ် တစ် ကို စတင်လိုက်ပါ။

အနှစ်ချုပ်ကိုဖတ်ပါ။လေ့ကျင့်ခန်းကို စကန်ဖတ်ပါ။လေ့ကျင့်ခန်းတိုင်းရဲ့ကတ်ပြားတိုင်းကိုဖတ်ပါ။ညွှန်းထားတဲ့ အွန်လိုင်းအချက်အလက်များကိုရယူပါ၊ဒါမှသာလုပ်ငန်းစဥ် ချောမွေ့မယ်။လေ့ကျင့်ခန်းအဆင့်တွေ၊သိသင့်သိထိုက်တာတွေ၊တခြားလေ့လာသင့်တာတွေအကုန်လုံးအရယူပါ။

ကတ် ပြား ကို ပုံနှိပ်မထုတ်နိုင်ရင်၊ပေးထားတဲ့ လင်ခ့်ကိုနှိပ်ပြီး၊အဆင့်တိုင်းကိုလုပ်ဆောင်ပါ။

ကိုယ့်အယူအဆ ဘယ်လိုတင်ပြရမလဲ။